အနောက်ဘက်ကမ်းခြေမှာ အစ္စရေးတို့ မြေသိမ်း

  • 31 ဩဂုတ် 2014
land_israel_westbank_ ဓာတ်ပုံ မူပိုင် Ana Garralda
Image caption အသိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေဒေသ

အသိမ်းပိုက်ခံ အနောက်ဘက် ကမ်းခြေဒေသ က၊ ပါလက်စတိုင်း မြေ ဟက်တာ ၄၀၀ နီးပါး ( ဧက တစ်ထောင် နီးပါး) ကို၊ အစ္စရေးတို့ က သိမ်းယူမယ့် အစီအစဉ် ရှိကြောင်း၊ ကြေညာ လိုက်ပါတယ်။ ဒါဟာ အနှစ် ၃၀ အတွင်း၊ မြေပမာဏ အများဆုံး သိမ်းယူတာ လို့ ယူဆရပါ တယ်။

ဒီလို သိမ်းယူဖို့ ဆုံးဖြတ်တာ ဟာ၊ ပြီးခဲ့တဲ့ ဂျွန်လ အတွင်းက ဖြစ်ပွားခဲ့တဲ့၊ ဂျူး ဆယ်ကျော်သက် အရွယ် ၃ ဦး၊ ဖမ်းဆီး သတ်ဖြတ် ခံခဲ့မှုကို၊ ဒေသခံ အစ္စရေး စစ်အုပ်ချူပ်ရေး အာဏာပိုင်တို့ ဘက်က၊ တုန့်ပြန်ဖို့ ဆုံးဖြတ် ခဲ့တာလို့ အစ္စရေး နိုင်ငံပိုင် ရေဒီယို က ပြောပါတယ်။

ပါလက်စတိုင်း ဘက်က စေ့စပ် ညှိနှိုင်းရေးမှုး ဖြစ်တဲ့ ဆာရက်ဘ် အယ်ရယ်ခါ့ဒ် ကတော့၊ အစ္စရေး တို့ရဲ့ အခုလို ဆုံးဖြတ်ချက် အပေါ်၊ သံတမန်ရေး ဆိုင်ရာ အရေးယူမှု တွေ တုန့်ပြန် လုပ်ဆောင် သင့်တယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ