လူဟန့်စ် လေဆိပ်ကို ယူကရိန်းတပ်တွေ လက်လွှတ်ရ

  • 1 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption လူဟန့်စ် မြို့ပြင်က ယူကရိန်း တပ်ဖွဲ့တွေ

ယူကရိန်း အရှေ့ပိုင်းမှာ ခွဲထွက်ရေး သူပုန်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်မှုတွေ အပြီးမှာ ယူကရိန်း တပ်ဖွဲ့တွေ အနေနဲ့ လူဟန့်စ်မြို့ လေဆိပ်ကို လက်လွှတ် လိုက်ရကြောင်း ယူကရိန်း အစိုးရက ပြောပါတယ်။

သူတို့အဆို ရုရှား တင့်ကားတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် အခုလို လက်လွှတ် ဆုတ်ခွာခဲ့ရတာလို့ ပြောပါတယ်။

အနီးအနားက မြို့တွေမှာလည်း ရုရှား တပ်တွေကို တပ်ဖြန့်ထားတယ်လို့ ယူကရိန်း ပြောခွင့်ရသူက ဆိုပါတယ်။

အစောပိုင်းကတော့ ရုရှားဟာ သူ့တပ်ဖွဲ့တွေကို ယူကရိန်း နယ်မြေထဲ စေလွှတ်ပြီး ပေါ်ပေါ်တင်တင် ကျူးကျော်နေတယ်လို့ ယူကရိန်း သမ္မတ ပေါ်ရိုရှန်ကိုက စွပ်စွဲထားပြီး မော်စကိုကတော့ သူ့တပ်ဖွဲ့တွေ စေလွှတ်ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ယူကရိန်း အစိုးရ၊ ရုရှားနဲ့ ဥရောပ လုံခြုံရေးအဖွဲ့ OSCE တို့ ဘယ်လာရုစ်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

ယူကရိန်း အရှေ့ပိုင်းက တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဧပြီလ နောက်ပိုင်း လူ ၂၆၀၀ ခန့် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ