အီဘိုလာ ကြောင့် သေဆုံးသူ ပိုများလာ

  • 4 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အီဘိုလာ ရောဂါ ဖြစ်ပွားမှုနှုန်းနဲ့ ပတ်သက်လို့ WHO အကြီးအကဲ Margaret Chan က သတိပေး ပြောကြား

အနောက်အာဖရိကဒေသမှာ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါကြောင့် အခုအခါ လူ တထောင့်ကိုးရာကျော်လောက် သေဆုံးခဲ့ပြီးပြီလို့ သိရကြောင်း WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အကြီးအကဲ Margaret Chan က ပြောပါတယ်။

သေဆုံးမှု စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့ သီတင်း ၃ပတ်အတွင်း ဖြစ်ပွားခဲ့တာလို့ WHO က ပြောပါတယ်။

အီဘိုလာ ရောဂါ ဖြစ်ကောင်း ဖြစ်နိုင်တဲ့ ဒါမှမဟုတ် အီဘိုလာ လို့ အတည်ပြုထားတဲ့ ရောဂါ ဖြစ်မှုပေါင်း ၃ထောင့် ၅ရာလောက် ဂီနီ၊ ဆီယာရာ လီယုန်း နဲ့ လိုင်ဘေးရီးယား နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

အီဘိုလာ ရောဂါ တိုက်ဖျက်ရေးအတွက် အနည်းဆုံး ဒေါ်လာ သန်း ၆ရာလောက် လိုလိမ့်မယ်လို့ WHO က ပြောပါတယ်။