IS ကို နှိမ်နင်းဖို့ အချိန်ယူရမယ်လို့ အိုဘားမား ပြော

  • 3 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အက်စတိုးနီးယား နိုင်ငံမှာ အိုဘားမား သတင်းစာ ရှင်းလင်း

အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ IS ရဲ့ ဒေသတွင်း ခြိမ်းခြောက်မှုတွေ လုံးဝ ပျောက်ငြိမ်းတဲ့ အထိ ချေမှုန်းဖို့အတွက် အချိန်ယူရမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက ပြောကြား လိုက်ပါတယ်။

အမေရိကန် လေကြောင်း တိုက်ခိုက်မှုတွေက IS အဖွဲ့ရဲ့ လှုပ်ရှားမှု အရှိန်ကို ဟန့်တား နိုင်ခဲ့ပေမယ့် သူတို့ကို အမြစ်ပြတ် ချေမှုန်းဖို့ မြေပြင်နဲ့ ဝေဟင်မှာ ဒေသတွင်း မဟာဗျူဟာ ချမှတ် ရမယ် လို့လည်း သူက ပြောပါတယ်။

IS အဖွဲ့ ရဲ့ ရိုင်းစိုင်း ကြမ်းကြုတ်ပြီး အဓိပ္ပာယ် မဲ့တဲ့ လုပ်ရပ်တွေကို နှိမ်နင်းဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီလည်း လိုအပ်တယ်လို့ အိုဘားမားက ပြောပါတယ်။

ကင်ဆာ ရောဂါလို အမြစ်တွယ် နေတဲ့ ဒီလှုပ်ရှားမှုတွေကို အာရပ် ကမ္ဘာ၊ မွတ်ဆလင်နဲ့ နိုင်ငံတကာက ဝိုင်းဝန်း ပိတ်ဆို့ လိမ့်မယ်လို့ ယုံကြည် ကြောင်းလည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ