အယ်လ်ကိုင်ဒါ ဗီဒီယိုကြောင့် အိန္ဒိယ တပ်လှန့်ထား

  • 4 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အယ်လ်ကိုင်ဒါ ခေါင်းဆောင် Ayman al-Zawahiri

အယ်လ်ကိုင်ဒါ ခေါင်းဆောင် အိုင်မန် အယ်လ် ဇာဝါဟီရီ Ayman al-Zawahiri က ဗီဒီယို သတင်း ထုတ်ပြန်မှု ပြုရာမှာ အိန္ဒိယ အဖွဲ့ခွဲ ထူထောင် လိုက်တဲ့ အကြောင်း ကြေညာ လိုက်တဲ့ အတွက် အိန္ဒိယ အစိုးရက ပြည်နယ် တချို့မှာ လုံခြုံရေး တပ်လှန့် ထားလိုက်ပါတယ်။

အဲဒီ ဗီဒီယိုမှာ အယ်လ်ကိုင်ဒါ ခေါင်းဆောင်က သူတို့ အဖွဲ့သစ် အနေနဲ့ တောင်အာရှမှာ ရှိတဲ့ မွတ်ဆလင်တွေကို ညီညွတ်အောင် စုစည်းရာမှာ နိုင်ငံတွေရဲ့ နယ်နိမိတ်တွေကို ဖောက်ထွက် ကျော်လွှားမယ်လို့ ပြောထားပါတယ်။

တကယ်တော့ အိန္ဒိယမှာ အယ်လ်ကိုင်ဒါ မရှိသေးပေမယ့် ကက်ရှ်မာနဲ့ ဂူဂျာရတ် ပြည်နယ်တွေ ဘက်က မွတ်ဆလင် လူငယ်တွေကို သိမ်းသွင်းမှာကို စိုးရိမ်ရတဲ့ အကြောင်း ဒေလီမြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တောင်အာရှ လို့ ပြောရာမှာ မြန်မာ နိုင်ငံလည်း ပါဝင်တာကြောင့် မြန်မာ အာဏာပိုင်တွေ ဘက်ကလည်း ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားနှင့်တယ်လို့ ဆိုပါတယ်။

မြန်မာ ပြည်ဖွား အစ္စလာမ် ဘာသာဝင် တွေ အနေနဲ့ ဒီလို အကြမ်းဖက် မှုတွေကို ဘယ်တုန်းကမှ လက်ခံခဲ့တာ မဟုတ်လို့ အကြမ်းဖက် အန္တရာယ် ဝင်ရောက် လာရင် ပြည်သူ အားလုံးနဲ့ ပူးပေါင်း ဆန့်ကျင်သွားမှာ ဖြစ်တယ် လို့ ပြည်ထောင်စု သား မွတ်ဆလင် များ ပြည်လုံးကျွတ် အစည်းအဝေး ဖြစ်မြောက်ရေး အဖွဲ့ အတွင်းရေးမှူး ဦးအုန်းမောင်က ဘီဘီစီကို ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ