တောင်ကိုရီးယား စစ်သား ၂ ဦး သေဆုံးမှု တောင်းပန်

  • 4 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption တောင်ကိုရီးယား အမျိုးသား အားလုံး ၂ နှစ် စစ်မှုထမ်းရ

တောင်ကိုရီးယား နိုင်ငံမှာ စစ်ရေး လေ့ကျင့်မှု ပြုလုပ်စဉ် အတွင်း စစ်သား နှစ်ဦး သေဆုံး သွားခဲ့တဲ့ အတွက် တောင်ကိုရီးယား စစ်တပ်က တောင်းပန်လိုက်ပါတယ်။

အဲဒီ စစ်သား နှစ်ဦးဟာ အင်္ဂါနေ့က လေ့ကျင့်မှု အတွင်း သူတို့ ဦးခေါင်းတွေကို အစွပ်တွေ စွပ်ပြီး ပြန်ပေးဆွဲခံရတဲ့ လေ့ကျင့်မှု ပြုလုပ်ရာမှာ အသက်ရှူကြပ် သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

စစ်ရေး အတွက် လေ့ကျင့် ပြင်ဆင်ရာမှာ သဘာဝ ကျဖို့ လိုအပ်ပေမယ့် လေ့ကျင့်စဉ် အသက်အန္တရာယ် ကာကွယ်ပေးရေး အတွက် လုံလောက်တဲ့ စီစဉ်မှု မရှိခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

တောင်ကိုရီးယား စစ်တပ်အတွင်း ခန္ဓာကိုယ် ထိခိုက် နာကျင်စေမှုတွေနဲ့ စည်းကမ်း လျော့ရဲမှုတွေကြောင့် ပြည်သူတွေရဲ့ စိုးရိမ်မှုတွေ၊ ဒေါသဖြစ်မှုတွေ ရှိနေချိန်မှာ အခုနောက်ဆုံး စစ်သား ၂ဦး သေဆုံးမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ