ငလျင်ကြောင့် ဘော့စနီးယား မိုင်းတွင်းပြိုကျ၊ ၅ ဦးသေ

  • 5 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒဏ်ရာရသူ တစ်ဦးကို ကယ်ထုတ်လာစဉ်

ဘော့စနီးယား နိုင်ငံမှာ ငလျင်ဒဏ်ကြောင့် ဓာတ်ငွေ့ ပေါက်ကွဲမှု တခု ဖြစ်ခဲ့ပြီး အဲဒီ ပေါက်ကွဲမှုကြောင့် မြေအောက်မှာ ပိတ်မိနေခဲ့တဲ့ ကျောက်မီးသွေးတွင်း လုပ်သား တွေထဲက ၂၉ ဦးကို ကယ်ထုတ် နိုင်ခဲ့ပေမယ့် ၅ ဦး သေဆုံး ခဲ့ရတယ်လို့ သိရပါတယ်။

ကြာသပတေးနေ့က ဖြစ်ပွားတဲ့ ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် မြေအောက် မီတာ ၅၀၀ အနက်မှာ မိုင်းလုပ်သား စုစုပေါင်း ၃၄ ဦး ညလုံးပေါက် ပိတ်မိနေခဲ့ကြတာ ဖြစ်ပြီး တစ်ယောက်ချင်းစီ ကယ်ထုတ် ယူခဲ့ရပါတယ်။

တခြား မိုင်းလုပ်သား ၂၂ ဦးကတော့ မိုင်းတွင်းဝ ပြိုမကျမီ ထွက်ပြေး လွတ်မြောက်လာခဲ့ပါတယ်။

ဘော့စနီးယားနိုင်ငံ အလယ်ပိုင်း ဇန်နစ်ကာ မြို့မှာ Zenica ဖြစ်ပွားခဲ့တဲ့ ဒီ ပေါက်ကွဲမှုဟာ အခုနှစ်အတွင်း တတိယ အကြိမ်မြောက် ပေါက်ကွဲမှု ဖြစ်ပြီး အလုပ်သမား သမဂ္ဂတွေနဲ့ မိုင်းလုပ်သားတွေရဲ့ မိသားစုတွေကို အကြီးအကျယ် ဒေါသထွက် စေခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ