အီဘိုလာ ရောဂါပျောက်သူ တွေ ရဲ့သွေးသွင်းပြီး လူနာကုမယ်

  • 5 စက်တင်ဘာ 2014
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒုညွှန်ကြားရေးမှူးချုပ် ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒုညွှန်ကြားရေးမှူးချုပ်

အီဘိုလာ ရောဂါဖြစ်ပြီး ပြန်နေကောင်းလာ သူတွေရဲ့ သွေးကိုသုံးပြီး နောက်ထပ် ရောဂါ ဖြစ်သူတွေကို ကုသွားမယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ကြေညာပါတယ်။ လာမယ့် နိုဝင်ဘာမှာ ရှေ့တန်းကနေ လူနာတွေကို ကုနေတဲ့ သူတွေအတွက် အီဘိုလာ ထိုးဆေး စသုံးနိုင်မယ်လို့ ယူဆကြောင်းလည်း ဆက်ပြောပါတယ်။

ကျွမ်းကျင်သူ ပညာရှင် ၁၅၀တို့ဟာ အလားအလာကောင်းတဲ့ စမ်းသပ် အဆင့်ဆေးဝါးတွေကို အနောက်အာဖရိက ကိုဘယ်လို အမြန်ဆုံးပို့ပေးနိုင်မလဲ ဆိုတာ လွန်ခဲ့တဲ့၂ရက် ကတည်းက ဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံး သူတို့က အီဘိုလာ ဗိုင်းရပ်ကူးစက်ပြီး ပြန်နလန် ထူလာတဲ့လူနာရဲ့ သွေးရေကြည်ကို ယူပြီးကုတဲ့ ကုထုံးက အမြန်ဆုံးနဲ့ ဘေးအကင်းဆုံး နည်းလို့ အားလုံးက သဘောတူခဲ့ကြပါတယ်။

ဆိုလိုတာက သွေးထဲမှာ ရောဂါကိုကာကွယ်နိုင်တဲ့ ပဋိပစ္စည်းတွေက ရောဂါကိုခုခံရာမှာ အထောက်အကူပေးအောင် လုပ်တာဖြစ်ပါတယ်။ အခုအခါ အီဘိုလာဖြစ်ပြီး ပြန်ကောင်းလာသူတွေ အတော်ရှိတဲ့အတွက် သူတို့က ရောဂါ ဖြစ်နေသူတွေကို ကုရာမှာ သွေးတို့ သွေးရေကြည်တို့ ပြန်ပေးနိုင်မှာ ဖြစ်တယ်လို့သူက ဆက်ပြောပါတယ်။ ဒီနည်းကို အရင်တုန်းက ရောဂါ ဖြစ်ပွားစဉ် သုံးခဲ့ဘူးပြီး လူအချို့ ပြန်ကောင်းလာဘူးပါတယ်။ ဒါပေမယ့် ဘယ်လောက် ထိရောက် နိုင်တယ်ဆိုတဲ့ ဓါတ်ခွဲခန်းမှာ စမ်းသပ်တဲ့ အထောက်အထားတော့ မရှိပါဘူး။

ယူကေနဲ့ အမေရိကန်နိုင်ငံတို့မှာ အခုလအတွင်း လူသားတွေအပေါ်စမ်းသပ် အသုံးပြုတဲ့ ထိုးဆေးကိုလည်း အီဘိုလာ ရောဂါလူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အတွက် နိုဝင်ဘာမှာ ရနိုင်ဖွယ်ရှိပါတယ်။ ရောဂါ ထိန်းချုပ်မှုထက် ကူးစက်မှုတွေ ပိုမြန်ဆန် နေတဲ့အတွက် ရောဂါပြန့်ပွားတာကိုဘဲ အဓိက အာရုံစိုက်ပြီး တိုက်ဖျက်ဖို့လိုမယ်လို့ ကမ္ ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထပ်လောင်း ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ