IS ကို ချေမှုန်းဖို့ အမေရိကန်ကို အီရန် ကူညီမယ်

  • 5 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အီရန်တို့က IS အဖွဲ့ကို ခြိမ်းခြောက်မှုအဖြစ် မှတ်ယူ

IS အစ္စလာမစ် နိုင်ငံအဖွဲ့ကို ချေမှုန်းနိုင်ရေး ကြိုးပမ်းမှုတွေမှာ အထောက်အကူ ပေးဖို့အတွက် အီရန်နိုင်ငံရဲ့ သြဇာ အကြီးဆုံးသူ ဖြစ်တဲ့ ဘာသာရေး ခေါင်းဆောင် အယာတိုလာ အာလီ ခါမေနီက အီရတ်မှာ ရှိတဲ့ အမေရိကန် စစ်ဘက် တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံ ပြောဆိုဖို့ လက်ခံလိုက်ကြောင်း ဘီဘီစီက စုံစမ်း သိရှိရပါတယ်။

အီရတ် နိုင်ငံ မြောက်ပိုင်းက IS လက်နက်ကိုင်တွေကို ဆန့်ကျင် တိုက်ခိုက်ရာမှာ အမေရိကန်၊ အီရတ်၊ ကာ့ဒ် တပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အီရန် တော်လှန်ရေး တပ်ဖွဲ့ Revolutionary Guard ရဲ့ ထိပ်တန်း တပ်မှူး တဦးကို အယာတိုလာ ခါမေနီက ညွှန်ကြားလိုက်တယ်လို့ တီဟီရန်မှာ ရှိတဲ့ အမည် မဖော်လိုသူ တဦးက ဘီဘီစီ ပါရှန်း ဌာနကို ပြောပါတယ်။

အစဉ်အလာ အားဖြင့် အီရန်ဟာ အီရတ်မှာ အမေရိကန်ရဲ့ စွက်ဖက်မှုကို ဆန့်ကျင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ရှီးယား မွတ်ဆလင်တွေ ဖြစ်တဲ့ အီရန်တို့က အစွန်းရောက် ဆွန်နီတွေ ဖြစ်တဲ့ IS အဖွဲ့ကို မိစ္ဆာဒိဋ္ဌိတွေ အဖြစ် ယူဆပြီး အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှု အဖြစ် မှတ်ယူ ထားတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ