မိုဆိုးအနီး ဇာတက်တောင်ကို ကာ့ဒ်တွေ သိမ်း

  • 6 စက်တင်ဘာ 2014
_peshmerga_mosul_dam ဓာတ်ပုံ မူပိုင် AFP
Image caption ကာ့ဒ်ဒစ်ရှ် ပက်ရှ်မက်ဂါ တပ်ဖွဲ့

အီရတ်နိုင်ငံ မြောက်ပိုင်း မှာ မဟာ ဗျူဟာမြောက် အရေးပါ တဲ့ Zartak တောင်ကို အမေရိကန် လေကြောင်း ပစ်ကူတွေ နဲ့ ကာ့ဒ်ဒစ်ရှ် တပ်ဖွဲ့တွေ ဟာ အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် သူပုန်တွေ လက်ထဲက ပြန်လည် သိမ်းယူ လိုက်နိုင်ပါ တယ်။

ဒီတောင်ဟာ မိုဆိုးလ်မြို့ အရှေ့ဘက် လွင်ပြင်ဒေသ ကို အပေါ်စီးကနေ ထိန်းချူပ် နိုင်တာ ဖြစ်တဲ့ အတွက် စစ်ရေး အရ မြေနေရာ အသာစီး ရယူနိုင် တဲ့ အနေအထား ဖြစ်ပါတယ်။

အဆိုပါ Zartak တောင်ကို အရင်လက အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ သိမ်းယူပြီးခဲ့တဲ့ နောက်ပိုင်း ကာ့ဒ်ဒစ်ရှ်တပ်တွေ က တဖြည်းဖြည်း ပြန်လည် တိုက်ခိုက် လာခဲ့တာ ဖြစ်ပါတယ်။

ဆွန်နီ မွတ်ဆလင်မ် အများစု အခြေစိုက်ရာ မိုဆိုးလ်မြို့က တော့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ လက်အောက် ကျရောက်ဆဲ ဖြစ်ပါတယ်။

မိုဆိုးလ်ကို တော့ သူတို့ တပ်ဖွဲ့တွေ အင်အား သက်သက်နဲ့ ပြန်လည် သိမ်းပိုက်ဖို့ မရည်ရွယ် ထားဘူး လို့၊ ကာ့ဒ်တွေက ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ