ယူကရိန်း အပစ်ရပ်စဲရေး ဆက်လက် တည်မြဲနေ

  • 6 စက်တင်ဘာ 2014
destroyed tank ဓာတ်ပုံ မူပိုင် AFP
Image caption တိုက်ပွဲအတွင်း အဖျက်ဆီးခံရတဲ့ တင့်ကားတစီး

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ရုရှားလိုလားသူ သူပုန် တွေနဲ့ အစိုးရတပ်ဖွဲ့တွေကြားမှာ အပစ် အခတ် ရပ်စဲရေးကို ချိုးဖောက်မှု တွေရှိတယ်ဆိုပြီး တဖက်နဲ့ တဖက် အပြန်အ လှန်စွပ်စဲနေကြပါတယ်။

ဒါပေမဲ့ အခြေအနေ တခုလုံးကို ခြုံငုံကြည့်ရင်တော့ အေးချမ်းနေပုံရပါတယ်။

ယူကရိန်း အစိုးရ အရာရှိ တဦးကတော့ သောကြာနေ့မှာ အပစ်အခတ်ရပ်စဲရေး စတင်သက်ရောက်ချိန်ကစပြီး သူပုန်ဘက်ကနေ ရန်စမှု အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။

သူပုန်ဘက်ကတော့ ယူကရိန်း စစ်တပ်ဖက်က ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ သလို လက်နက်ကြီးတွေကို ရွှေ့ပြောင်းနေရာယူမှုတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ပွဲ အဆိုးဆုံးဖြစ်ပွားခဲ့တဲ့ ဒိုနက်စ်နဲ့ မာရီယူပူးလ် မြို့တွေမှာတော့ အပစ်အခတ်ရပ်စဲတဲ့အချိန်က စတင်ပြီး ငြိမ်သက်နေပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂက သူ့အပေါ် ပိတ်ဆို့မှု အသစ်တွေ လုပ်လာခဲ့ရင် ရုရှားဘက်က လက်တုန့်ပြန်မယ်လို့ သတိပေးလိုက်ပါတယ်။

ရုရှားအပေါ် ပိတ်ဆို့မှု အသစ်တွေ ထပ်လုပ်ဖို့ ဥရောပသမဂ္ဂက မူအရ သဘောတူခဲ့ကြကြောင်း ကြေညာအပြီးမှာ အခုလို ရုရှားဘက်က ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။