ယူကရိန်း အပစ်ရပ် မပျက်သေးလို့ OSCE ပြော

  • 8 စက်တင်ဘာ 2014
ukraine_ruins ဓာတ်ပုံ မူပိုင် Getty
Image caption ယူကရိန်း ပြည်တွင်းစစ်ဒဏ် အပျက်အစီး

ယူကရိန်း နိုင်ငံ အရှေ့ဘက်ခြမ်း Donetsk မြို့မှာ ရောက်ရှိ နေကြ တဲ့ ဥရောပ လုံခြုံရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေး OSCE အဖွဲ့ ဝင်တွေ ရဲ့ အဆိုအရ မနေ့က ဖြစ်ပေါ်ခဲ့ တဲ့၊ အစိုးရ နဲ့ ရုရှား လိုလားသူ ခွဲထွက်ရေး လက်နက်ကိုင် တွေ အကြား အပြန်အလှန် ပစ်ခတ် ခဲ့ကြမှုဟာ သဘောတူထား တဲ့ အပစ်ရပ်မှု ကို၊ ဖောက်ဖျက် ကျူးလွန်ရာ ရောက်ပေမယ့်၊ အပစ်ရပ် စာချူပ် တစ်ခုလုံး ပျက်စီး သွားစေနိုင် တဲ့ အခြေအနေ မျိုး၊ ကျရောက် လောက်အောင် တော့၊ မပြင်းထန်ကြောင်း ပြောပါတယ်။

သောကြာနေ့က၊ အပစ်ရပ် သဘောတူ စာချူပ် ချူပ်ဆို နိုင်ခဲ့အပြီး နောက်ပိုင်း၊ ရုရှားနယ် ထဲ ပြေးဝင် ခိုလှုံ နေခဲ့ကြ တဲ့ စစ်ဘေးရှာင် ဒုက္ခသည် အများအပြား၊ ယူကရိန်းဘက် ပြန်လည် ဝင်ရောက် လာခဲ့ကြတယ် လို့၊ အဲဒီ့မှာ ရှိနေတဲ့၊ OSCE အဖွဲ့ ခေါင်းဆောင် Paul Picard က ဆိုပါတယ်။

နယ်စပ် ဖြတ်ကျော်တဲ့ နေရာတွေမှာ၊ လူတန်းရှည်ကြီး ဖြစ်နေပြီး၊ စနေနေ့က စလို့ ပြန်လည် ဝင်ရောက်လာ တဲ့ အရေအတွက် သိသိသာသာ တိုးတက်လာတယ် ဆိုပြီး မစ္စတာ Picard က ပြောပါတယ်။

အဲဒီ့ထဲက လူအများစုဟာ Luhansk ဒေသထဲက သူတို့ရဲ့ အိမ်တွေ မပျက်မစီး အကောင်းအတိုင်း ရှိသေးရဲ့လား ဆိုတာ၊ သွားရောက် ကြည့်ရှု့ဖို့ ကြိုးစား နေကြတာ ဖြစ်ကြောင်း လည်း သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ