အိန္ဒိယနဲ့ ပါကစ္စတန် ရေကြီးမှု ၃၀၀ ကျော် သေဆုံး

  • 8 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ပါကစ္စတန်က ပန်ဂျပ် ပြည်နယ်မှာ အဆိုးဆုံး ထိခိုက်

ပါကစ္စတန် နဲ့ အိန္ဒိယ နိုင်ငံတို့မှာ သီတင်း တစ်ပတ်ကြာ ရေကြီး ရေလျှံမှုကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံး ခဲ့ရပြီးနောက် ထောင်နဲ့ ချီတဲ့ ရေဘေး ဒုက္ခသည်တွေကို သူတို့ နေအိမ်တွေကနေ ဘေးလွတ်ရာကို အာဏာပိုင်တွေက ပြောင်းရွှေ့ ပေးခဲ့ပါတယ်။

အများဆုံး သေဆုံးခဲ့ရတဲ့ နေရာကတော့ နှစ်နိုင်ငံလုံးက တစ်ဝက်စီ ပိုင်ဆိုင်တဲ့ ကက်ရှ်မီးယား ပြည်နယ်မှာ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံ ဘက်က ပန်ဂျပ် ပြည်နယ်မှာတော့ မြစ်ကမ်းပါးတွေ ကျိုးပေါက်တဲ့ အထိ ရေကြီးခဲ့တဲ့ အတွက် အဆိုးရွားဆုံး ထိခိုက်တဲ့ ဒေသ ဖြစ်ပါတယ်။

အဆိုးဝါးဆုံး ဘေးဒဏ် ခံခဲ့ရတဲ့ နေရာတွေကို နှစ်နိုင်ငံ ဝန်ကြီးချုပ်တွေ သွားရောက် ခဲ့ကြပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ပါကစ္စတန် ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်ကို ဆက်သွယ်ပြီး ကယ်ဆယ်ရေး ဆိုင်ရာ အကူအညီတွေ ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ပါကစ္စတန်မှာ ကောက်ပဲသီးနှံ စိုက်ခင်းတွေ အများအပြား ပျက်စီးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ