တရုတ်နဲ့ ကန် စစ်ရေး တင်းမာမှု ရှောင်ရှားဖို့ ပြော

  • 9 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ကန် အမျိုးသား လုံခြုံရေး အကြံပေး ဆူဆန် ရိုက်စ် တရုတ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့စဉ်။

အမေရိကန် နဲ့ တရုတ် နိုင်ငံကြား ဆက်ဆံရေး မရှုပ်ထွေး စေဖို့ စစ်ရေး တင်းမာမှုတွေ ရှောင်ရှား သင့်တယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဆူဆန် ရိုက်စ် က ပြောကြား လိုက်ပါတယ်။

ဆူဆန် ရိုက်စ် ဟာ ဝါရင့် တရုတ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ဘေဂျင်း မြို့တော်ကို ရောက်ရှိ လာစဉ် အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံ တောင်ပိုင်း ကမ်းလွန်မှာ ပျံသန်း နေတဲ့ အမေရိကန် ထောက်လှမ်းရေး လေယာဉ် အနီးကို တရုတ် လေယာဉ် တစင်းက ပူးကပ် ပျံသန်းမှု လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်က ဖြစ်ပွားခဲ့ပါတယ်။

သူမဟာ နိုဝင်ဘာလမှာ တရုတ်ပြည်ကို လာရောက်မယ့် သမ္မတ အိုဘားမားရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ