အီးယူက ရုရှားအပေါ် ပိတ်ဆို့အမှု အသစ် ပြဋ္ဌာန်း

  • 9 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ပစ်မှတ်ထား ပိတ်ဆို့ခံရတဲ့ ရုရှား အစိုးရပိုင် Rosneft ရေနံကုမ္ပဏီ

ယူကရိန်း ပဋိပက္ခမှာ ရုရှားရဲ့ ပါဝင် ပတ်သက်မှုတွေကြောင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက ရုရှား အပေါ် ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ပြဋ္ဌာန်း လိုက်ပါတယ်။

အဲဒီ ဒဏ်ခတ်မှုတွေ ထဲမှာ ရုရှား အစိုးရပိုင် ရေနံ ကုမ္ပဏီကြီးတွေ ဥရောပ ငွေကြေး စျေးကွက်မှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု မပြုဖို့ ပိတ်ပင်မှုတွေလည်း ပါဝင် ပါတယ်။

ဒီ ပိတ်ဆို့မှုတွေဟာ နောက်ရက် အနည်းငယ် အတွင်းမှာ စတင် သက်ရောက်မှာ ဖြစ်ပါတယ်။

ရုရှား အစိုးရကတော့ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေး သူပုန်တွေ အတွက် တပ်ကူတွေ ပို့လွှတ်နေကြောင်း အနောက် နိုင်ငံတွေရဲ့ စွပ်စွဲမှုတွေကို ငြင်းဆို ထားပါတယ်။

အစောပိုင်းကလည်း ယူကရိန်း အရှေ့ပိုင်းမှာ အစိုးရ တပ်တွေနဲ့ ရုရှား လိုလားတဲ့ သူပုန်တွေ အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း ယူကရိန်း အစိုးရ တပ်က ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပြီး နောက်ပိုင်း ချိုးဖောက်တယ်လို့ ဆိုနိုင်တဲ့ အလားတူ အခြား ပစ်ခတ်မှုတွေလည်း ထွက်ပေါ်နေပေမယ့် အပစ် ရပ်ရေး အစီအစဉ် ကတော့ ဆက်လက် တည်မြဲ နေတဲ့ပုံ ရှိတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ