ကာဗွန် ထုတ်လွှတ်မှု နှစ် ၃၀ အတွင်း အဆိုးဆုံး

  • 9 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လေထုအတွင်း ဖန်လုံအိမ် ဓာတ်ငွေ့ ပါဝင်မှု အမြင့်ဆုံးရောက်

ကမ္ဘာ့ ရာသီ ဥတု ပြောင်းလဲမှုကို ကုစားဖို့ အချိန် မရှိ တော့ဘူးလို့ ကုလ သမဂ္ဂ မိုးလေဝသ အေဂျင်စီ အကြီးအကဲ Michel Jarraud က သတိပေး လိုက်ပါတယ်။

ကမ္ဘာ့ လေထုအတွင်း ဖန်လုံအိမ် ဓာတ်ငွေ့ ပါဝင်မှုက ခါတိုင်းထက် ပို များပြား နေပြီး ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှုဟာ နှစ် ၃ဝ အတွင်း အမြင့်ဆုံးကို ရောက်နေတယ်လို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ချုပ်ရဲ့ ကိန်းဂဏန်း စာရင်းဇယား အသစ်တွေက ဖော်ပြ ပါတယ်။

ရုပ်ကြွင်း လောင်စာ တွေကို သုံးစွဲ ရတဲ့ အတွက် ရာသီ ဥတုတွေ ပိုမို ဆိုးရွား ပြင်းထန် လာနေကြောင်း၊ ကမ္ဘာ့ ရာသီ ဥတု ပြောင်းလဲ လာနေတာကို သံသယ ဖြစ်စရာ မလိုကြောင်း Mr Jarraud က ပြောပါတယ်။

ကမ္ဘာ့ သမုဒ္ဒရာ တွေမှာလည်း အက်ဆစ် ပျော်ဝင်မှုနှုန်းက မခန့်မှန်း နိုင်အောင် မြင်းမား နေတယ်လို့ မိုးလေဝသ အဖွဲ့ချုပ် အစီရင်ခံစာ က ဖော်ပြ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ