ယူကရိန်း သူပုန်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးမယ်

  • 10 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ယူကရိန်း အရှေ့ပိုင်းကို ရောက်လာတဲ့ သမ္မတ ပိုရိုရှန်ကို

ယူကရိန်း နိုင်ငံ မပြိုကွဲရေးအတွက် နိုင်ငံ အရှေ့ပိုင်းက ပုန်ကန်နေတဲ့ ဒေသတွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် တိုးပေးမယ်လို့ သမ္မတ ပက်ဒရို ပိုရိုရှန်ကိုက ပြောပါတယ်။

ဒါပေမယ့် အဲဒီ ဒေသတွေဟာ ယူကရိန်း နိုင်ငံ အတွင်းမှာပဲ ရှိရမယ်လို့ သူက အခိုင်အမာ ပြောပါတယ်။

လာမယ့် သီတင်းပတ်မှာ ပါလီမန်ကို ဥပဒေ တင်နိုင်ဖွယ် ရှိတယ်လို့ သမ္မတ ပိုရိုရှန်ကိုက အစိုးရ အဖွဲ့ကို ပြောခဲ့ပါတယ်။

ယူကရိန်း အစိုးရ တပ်တွေနဲ့ ရုရှား လိုလားတဲ့ ခွဲထွက်ရေး သမားတွေကြား အပစ်ရပ်ရေး သဘောတူညီမှုကို ဆက်ထိန်းနိုင်ဖို့က သူ့အဆို အကြမ်းဖက် သမားတွေရဲ့ ရန်စ လှုံ့ဆော်မှုကြောင့် ခက်ခဲနေတယ် လို့လည်း မစ္စတာ ပိုရိုရှန်ကိုက ပြောပါတယ်။

ယူကရိန်း အစိုးရနဲ့ သူပုန် အပစ်ရပ်ရေး အစီအစဉ်ကို ပြီးခဲ့တဲ့ သောကြာနေ့က ဘယ်လာရုစ် နိုင်ငံမှာ လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကတည်းက စတင်တဲ့ အစိုးရ တပ်နဲ့ သူပုန်တွေ အကြား တိုက်ပွဲတွေကြောင့် လူ ၂၆၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ