အစ္စလမ်မစ် နိုင်ငံအဖွဲ့ကို တိုက်ဖို့ အာရပ် ၁၀နိုင်ငံသဘောတူ

  • 11 စက်တင်ဘာ 2014
အမေရိကန်နဲ့ အာရပ်နိုင်ငံတွေဆွေးနွေး
Image caption အမေရိကန်နဲ့ အာရပ်နိုင်ငံတွေဆွေးနွေး

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဆော်ဒီ အရေးဗျားနိုင်ငံ Jeddah မြို့မှာ ဆွေးနွေး ပြီးတဲ့နောက် အာရပ် ၁၀နိုင်ငံတို့က အိုင်အက်စ် အစ္စလမ်မစ်နိုင်ငံ အဖွဲ့ကို တိုက်ဖို့ အကူအညီပေးမယ်လို့ သဘောတူခဲ့ပါပြီ။ ရုရှားကတော့ ကုလသမဂ္ ဂလုံခြုံရေးကောင်စီရဲ့ ထောက်ခံမှုမပါဘဲ တိုက်ရင် နိုင်ငံတကာဥပဒေကို ချိုးဖေါက်ရာကျမယ်လို့ ပြောပါတယ်။

အခုသဘောတူလိုက်တဲ့ညွန့်ပေါင်းအဖွဲ့ဟာ လက်တွေ့ဆောင်ရွက်ဖို့ အစပြိုးနေပါတယ်။ သဘောတူချက်ကိုကြည့်ရင် ကယ်ရီအတွက် ဘာမှသိပ်ပြောစရာမရှိလောက်အောင်ပါဘဲ။ ဒါပေမယ့် စာရွက်ပေါ်မှာ သဘောတူထားတာကို လက်တွေ့အကောင်အထည်ဖေါ်ဖို့ အခက်အခဲရှိနိုင်ဘီဘီစီသံတမန်ရေးရာသတင်းထောက်ကပြောပါတယ်။

ပင်လယ်ကွေ့နိုင်ငံအချို့မှာ အိုင်အက်စ်အပေါ် အတော်အတန် လိုလားမှုရှိ နေတုန်းဖြစ်ပါတယ်။ အီရန်နိုင်ငံဟာ ဆော်ဒီနဲ့ ပြိုင်ဘက်ဖြစ်လို့ အစည်းအဝေး မတက်ရောက်ပေမယ့် ဒီလှုပ်ရှားမှုမှာ သူကလည်း အရေးပါတဲ့ မဟာမိတ် ဖြစ်နေပါတယ်။

အီရတ်နဲ့ ပတ်သက်လို့အခု အမြင်မတူကြတဲ့ ညွန့်ပေါင်းအဖွဲ့ကို ထိန်းထားဖို့က တခုဖြစ်ပေမယ့် ဆီးရီးယားက အိုင်အက်စ်ကို တန်ပြန် တိုက်ခိုက်ဖို့ကတော့ ဒီအဖွဲ့ရဲ့ အကန့်အသတ်တွေကို အစွန်းဆုံ ရောက်စေနိုင်ပါတယ်။ အိုင်အက်စ်အဖွဲ့က ဖမ်းထားတဲ့ တူရကီ နိုင်ငံသား၄၉ ယောက်ကြောင့် တူရကီ အနေနဲ့ ညွန့်ပေါင်းအဖွဲ့မှာ သိသာတဲ့ အခန်းက သိပ်မပါဝင်ချင်ပါဘူး။

သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့က အိုင်အက်စ်ကို ချေမှုန်းမယ့် အစီအစဉ်တွေကို ကြေညာလိုက်ပြီး ဆီးရီးယားကိုလေကြောင်းက တိုက်ခိုက်ဖို့လည်း အမိန့်ပေးလိုက်ပြီ လို့ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ