IS တွေကို တိုက်ခိုက်မှု ရုရှားက ကန်ကို သတိပေး

  • 11 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆော်ဒီနိုင်ငံကို ရောက်နေတဲ့ ဂျွန်ကယ်ရီ

ဆီးရီးယား မှာရှိတဲ့ စစ်သွေးကြွတွေကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်တာဟာ နိုင်ငံတကာ ဥပဒေကို ရင့်ရင့်သီးသီး ချိုးဖောက်တာ ဖြစ်လိမ့်မယ်လို့ ရုရှားက အမေရိကန်ကို သတိပေး လိုက်ပါတယ်။

အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ IS ကို ချေမှုန်းဖို့ သမ္မတ အိုဘားမားရဲ့ မဟာဗျူဟာ အစီအစဉ်တွေ အပေါ် ဆူနီ အာရပ် နိုင်ငံတွေရဲ့ ထောက်ခံမှုကို ရရှိရေး ဆွေနွေးဖို့ အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ဆော်ဒီအာရေဗျ နိုင်ငံကို ရောက်ရှိနေစဉ် အခုလို ရုရှားရဲ့ စွပ်စွဲချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

IS အဖွဲ့ကို ဆန့်ကျင် တိုက်ခိုက်ဖို့အတွက် ကျယ်ပြန့်တဲ့ မဟာမိတ် ညွန့်ပေါင်း အဖွဲ့ကို အမေရိကန်က ဦးဆောင်မှာ ဖြစ်တယ်လို့ သမ္မတက အိုဘားမားက ပြောခဲ့ပါတယ်။

IS တွေဟာ အီရတ်နဲ့ ဆီးရီးယား နှစ်နိုင်ငံက နေရာ ဒေသ အတော်များများကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ