အကြမ်းဖက် အန္တရာယ်အဆင့် သြစတြေးလျ တိုးမြှင့်

  • 12 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption တိုနီအက်ဘော့ သတင်းမီဒီယာနဲ့ တွေ့စဉ်။

သြစတြေးလျ နိုင်ငံမှာ ဆယ်နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် အကြမ်းဖက် တိုက်ခိုက် ခံရနိုင်မှု အန္တရာယ် အဆင့် သတ်မှတ်ချက်ကို အလယ် အလတ် အဆင့်ကနေ အန္တရာယ် ကြီးတဲ့ အဆင့်အထိ တိုးမြှင့် လိုက်ပါတယ်။

အရှေ့ အလယ်ပိုင်းမှာ ရှိတဲ့ အစ္စလာမ်မစ် အဖွဲ့တွေနဲ့ အတူ ပူးပေါင်း တိုက်ခိုက်ဖို့ ဒါဇင်နဲ့ ချီတဲ့ လူတွေ သြစတြေးလျ ကနေ ထွက်ခွာ သွားခဲ့ကြကြောင်း၊ သူတို့ ပြန်လာတဲ့ အခါ ဖြစ်လာနိုင်တဲ့ အကျိုး သက်ရောက်မှုတွေ အတွက် စိုးရိမ်ကြောင်း သြစတြေးလျ အရာရှိတွေက ပြောပါတယ်။

အခုလို အန္တရာယ် အဆင့် သတ်မှတ်ချက်ကို တိုးမြှင့် လိုက်ပေမယ့် လတ်တလော တိုက်ခိုက်မှု အစီအစဉ် တစုံတရာ ထောက်လှမ်းရေး သတင်း ရထားတာ မရှိကြောင်းနဲ့ ချက်ချင်း လက်ငင်း အကြမ်းဖက် တိုက်ခိုက် ခံရတော့မယ့် အန္တရာယ် ရှိနေပြီ လို့လည်း မယူဆကြောင်း ဝန်ကြီးချုပ် တိုနီအက်ဘော့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ