နိုင်ဂျီးရီးယားမှာ အဆောက်အဦတစ်ခု ပြိုကျ

  • 12 စက်တင်ဘာ 2014
lagos_building_ ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပြိုကျခဲ့တဲ့ လေးဂေါ့စ်မြို့ အဆောက်အဦ

နိုင်ဂျီးရီးယား ရဲ့ ဆိပ်ကမ်းမြို့ကြီး ဖြစ်တဲ့ လေးဂေါ့စ် မှာ၊ အဆောက်အဦ တစ်လုံး ပြိုကျ ခဲ့တာမှာ၊ လူ အများအပြား သေဆုံး ရနိုင်ကြောင်း သတင်းတွေ ထွက်ပေါ် နေပါတယ်။

အပျက်အစီးပုံ တွေ ကြားထဲကနေ သယ်ယူ လာခဲ့ရ တဲ့ ရုပ်အလောင်း တွေ အများအပြား ရှိနေကြောင်း သိရပါတယ်။

အခု ပြိုကျခဲ့တဲ့ အဆောက်အဦဟာ၊ ရှီနာဂေါ့ဂ် အမည်ရှိ ခရစ်ယန် ဂိုဏ်းခွဲဝင်တွေ တည်းခိုရာ နေရာ ဖြစ်တယ် လို့ နိုင်ဂျီးရီးယား အရေးပေါ် ကယ်ဆယ်ရေး ဌာနက ပြောပါတယ်။

အဆောက်အဦ ကို နောက်ထပ် ၃ ထပ် တိုးမြှင့် ဆောက်လုပ်နေစဉ် ပြိုကျခဲ့တာ ဖြစ်ပါတယ်။

ရှီနာဂေါ့ဂ် ဂိုဏ်းဟာ၊ နိုင်ဂျီးရီးယားမှာ ပရောဖက် တမန်တော် ဆိုပြီး အသိများတဲ့ တရားဟောဆရာ TB Joshua ဦးဆောင်တဲ့ ဂိုဏ်းဖြစ်ပြီး၊ သူဟာ ရောဂါတွေ ကို ပျောက်ကင်း စေနိုင်စွမ်း ရှိသူအဖြစ် နောက်လိုက်တွေ ရဲ့ ယုံကြည်ခြင်း ကို ခံနေရသူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ