ယူဂန်ဒါမှာ အကြမ်းဖက်အဖွဲ့ ဖော်ထုတ်ဖမ်းမိ

  • 14 စက်တင်ဘာ 2014
_shebab_somalia ဓာတ်ပုံ မူပိုင်
Image caption ဆိုမာလီ အယ်လ် ရှာဘတ် စစ်သွေးကြွ အုပ်စု

ယူဂန်ဒါ နိုင်ငံ မြို့တော် ကမ်ပါလာ မှာ စစ်သွေးကြွတွေ လို့ ယူဆရသူ တချို့ ကို ဖမ်းဆီးမိပြီး ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေကို လည်း သိမ်းဆည်း ရမိခဲ့တဲ့ နောက်၊ အခုဆို အများသူငါ နဲ့ ဆိုင်တဲ့ နေရာတွေ မှာ လုံခြုံရေး တွေ တိုးမြှင့် တင်းကြပ် လိုက်ပါတယ်။

အခုလို ဖော်ထုတ် ဖမ်းဆီးမိခဲ့တဲ့ အတွက် လတ်တလော ဖြစ်ပေါ် လာနိုင်တဲ့ အကြမ်းဖက် တိုက်ခိုက် ခံရမှုကို ကာကွယ် နိုင်ခဲ့တယ် ဆိုပြီး ရဲတပ်ဖွဲ့ ရဲ့ ပြောခွင့်ရှိသူ က ဆိုပါတယ်။

အစောပိုင်းတုန်းက လည်း ကမ်ပါလာ မှာ ရှိတဲ့ အမေရိကန် သံရုံးက၊ ယူဂန်ဒါ အာဏာပိုင်တွေ အနေနဲ့ ဆိုမာလီ စစ်သွေးကြွ အုပ်စု ဖြစ်တဲ့ အယ်လ် ရှာဘတ်တွေ ပြုလုပ်ဖို့ ကြံစည်ထား တဲ့ အကြမ်းဖက် တိုက်ခိုက်မှု ကို ဟန့်တား နိုင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

ဒီလ အစောပိုင်းက၊ အမေရိကန် ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အယ်လ် ရှာဘတ် ရဲ့ ခေါင်းဆောင် သေဆုံးခဲ့ အပြီး အမေရိကန် ပစ်မှတ်တွေ ကို အဲဒီ့ အဖွဲ့က လက်တုန့်ပြန် တိုက်ခိုက် လာနိုင်တယ် လို့ ကမ်ပါလာ အမေရိကန် သံရုံး က သတိပေး ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ