ဘယ်လ်ဂျီယံ အကျဉ်းသား သေဆုံးခွင့်ရ

  • 15 စက်တင်ဘာ 2014
belgium
Image caption ဘယ်လ်ဂျီယံ မှာ လူ့အသက်ကို ကူညီ ချုပ်ငြိမ်းပေး နိုင်တဲ့ ဥပဒေ ပြဋ္ဌာန်း

ဘယ်လ်ဂျီယံ နိုင်ငံမှာ လူသတ်မှုနဲ့ အဓမ္မ ပြုကျင့်မှု တွေ ဆက်တိုက် ကျူးလွန် ခဲ့သူ တယောက်က သူ့ကို သေဆုံး ခွင့် ပေးဖို့ တောင်းခံလွှာကို တရားရေး ဝန်ကြီး ဌာနက လက်ခံ လိုက်ပါတယ်။

သူ့မှာ ထောင်က လွတ်ဖို့ လမ်းလဲမရှိ၊ သူ့ကို အစဉ်တစိုက် နှိုးဆွ နေတဲ့ ရမ္မက်ဇော တွေကိုလဲ ချုပ်တည်း တားဆီးလို့ မရတဲ့ အတွက် အလွန်အမင်း စိတ်ပင်ပန်း ဆင်းရဲမှု ဒဏ် ခံနေရတယ်လို့ ဘယ်လ်ဂျီယံ အကျဉ်းသား Frank Van Den Bleeken က ပြောပါတယ်။

သူ့ကို အကျဉ်းထောင် ကနေ ဆေးရုံ တရုံကို လာမယ့် ရက်ပိုင်း အတွင်း ရွှေ့ပြောင်း ပေးမှာ ဖြစ်ပြီး အဲဒိမှာပဲ ဆရာဝန် တွေက သူ့ကို ဇီဝိန် ချုပ်ပေးဖို့ ရှိတယ်လို့ သူ့ရှေ့နေ တွေက ပြောပါတယ်။

ဘယ်လ်ဂျီယံ နိုင်ငံမှာ လူ့အသက်ကို ကူညီ ချုပ်ငြိမ်းပေး နိုင်တဲ့ ဥပဒေ ပြဋ္ဌာန်းပြီး နှစ်ပေါင်း ၁၂ နှစ် အတွင်း ပထမဆုံး အကြိမ် အကျဉ်းသား တယောက် အတွက် တရားရုံးက ဒီလို ဆုံးဖြတ် ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ