ကင်မရွန်း စကော့တလန် ကို ရောက်လာ

  • 15 စက်တင်ဘာ 2014
scotland ဓာတ်ပုံ မူပိုင် PA
Image caption လွတ်လပ်ရေး ယူရင် စကော့တလန် စီးပွားရေး အားကောင်း လာမယ်

ကြာသပတေး နေ့မှာ ကျင်းပမယ့် စကော့တလန် ခွဲထွက်ရေး ဆန္ဒ ခံယူပွဲ မတိုင်မီ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း စကော့တလန် ကို နောက်ဆုံး တကြိမ် ရောက် လာ ခဲ့ပါတယ်။

ဒီ ဆန္ဒခံယူပွဲဟာ သားစဉ် မြေးဆက် အဆက်ဆက် အတွက် မဲပေးရတဲ့ ဆန္ဒခံယူပွဲ ဖြစ်လို့ စကော့ လူမျိုးတွေကို ဗြိတိန်က ခွဲထွက်မသွားဖို့ မစ္စတာ ကင်မရွန်း က တောင်းပန် ပြောကြား ခဲ့ပါတယ်။

အစိုးရ ကို မကြိုက်ရင် အပြောင်းအလဲ လိုချင်တာနဲ့ တိုင်းပြည်ကို ထက်ခြမ်းခွဲ စရာ မလိုပါဘူး ၊ ခွဲခွာခြင်း မှန်သမျှ ဟာ နာကျင်ဖွယ် ကောင်းတဲ့ ကွာရှင်း ပြတ်စဲ မှု တွေနဲ့ အတူတူသာ ဖြစ်တယ် လို့လဲ သူက သတိပေး ခဲ့ပါတယ်။

ကြာသပတေးနေ့ ဆန္ဒ ခံယူပွဲမှာ စကော့တလန် ခွဲထွက် မသွားရင် အာဏာ ပို ခွဲဝေပေးဖို့ သဘောတူညီချက်ကို ဗြိတိသျှ အဓိက နိုင်ငံရေး ပါတီကြီး ၃ ခုက ခေါင်းဆောင်တွေ လက်မှတ် ထိုးခဲ့ကြပါတယ်။

စကော့တလန် လွှတ်တော်ကို အမြဲတမ်း အာဏာသစ် တွေ ပိုပေးဖို့ နဲ့ ကျန်းမာရေး ဌာနကို စီမံခွင့် ပေးဖို့ တွေလဲ ဒီခေါင်းဆောင် တွေက သဘောတူ ခဲ့ကြပါတယ်။

ဒီအချိန် မှာပဲ စကော့တလန် ဗြိတိန်က ခွဲထွက်ပြီး လွတ်လပ်ရေး ယူခဲ့ရင် စကော့တလန် စီးပွားရေး ပိုအားကောင်း လာမယ် ဆိုပြီး လွတ်လပ်ရေး အတွက် မဲဆွယ် စည်းရုံး နေတဲ့ စကော့တလန် ရေးရာ ဝန်ကြီး အလက်စ် ဆော်လမွန် က ပြောကြား လိုက်ပါတယ်။

ဆန္ဒခံယူပွဲ အရေး နဲ့ ပတ်သက်ပြီး အလဇ္ဇဘက် ဘုရင်မကြီး က ဘက်လိုက် ပြောတယ် ဆိုတဲ့ ယူဆချက် ကိုလဲ မစ္စတာ ဆော်လမွန် က ပယ်ချ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ