အီဘိုလာ ကမ္ဘာ့ လုံခြုံရေး ခြိမ်းခြောက်

  • 16 စက်တင်ဘာ 2014
ebola ဓာတ်ပုံ မူပိုင် na
Image caption လူ သိန်းနဲ့ချီ ရောဂါ ကူးစက် ကုန်လိမ့်မယ်

အနောက် အာဖရိကမှာ ဖြစ်ပွား နေတဲ့ အီဘိုလာ ဗိုင်းရပ်စ် ရောဂါဟာ ကမ္ဘာ့ လုံခြုံရေး အတွက် ခြိမ်းခြောက် နေပြီ လို့ အမေရိကန် သမ္မတ အိုဘားမား က ပြောကြား လိုက်ပါတယ်။

အီဘိုလာ ရောဂါ ကို ထိန်းချုပ်ရ အင်မတန် ခက်ခဲ ပြီး ဒီအတိုင်း မရပ်ဘဲ ဆက်ဖြစ် နေမယ် ဆိုရင် လူ သိန်းနဲ့ချီ ရောဂါ ကူးစက် ကုန်လိမ့်မယ် လို့ ဂျော်ဂျီယာ ပြည်နယ် အတ္တလန္တာ မြို့ က ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဗဟို ဌာန မှာ မစ္စတာ အိုဘားမား က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ယောက်ျား၊ မိန်းမနဲ့ ကလေးငယ်တွေ သေဖို့ စောင့်ဆိုင်း နေရတဲ့ တုန်လှုပ် ကြေကွဲ စရာ ဖြစ်ရပ်တွေကို အနောက် အာဖရိက က ဆရာဝန်တွေ ကြုံတွေ့ နေရတယ် လို့လဲ အိုဘားမား က ဆိုပါတယ်။

ဒီရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ကမ္ဘာ့ အသိုင်းအဝိုင်း က ကောင်းကောင်း သိနားလည်တာ ဖြစ်တဲ့ အတွက် ပိုမို မြန်မြန် ဆန်ဆန် ကာကွယ် တားဆီး ပေးပါလို့လဲ ကမ္ဘာ့ နိုင်ငံ တွေကို ပန်ကြား ခဲ့ပါတယ်။

ကျန်းမာရေး လုပ်သား တွေကို လေ့ကျင့် ပေးဖို့နဲ့ ရောဂါ ကာကွယ်ရေး ဌာနတွေ ဖွင့်လှစ် ဖို့ အမေရိကန် တပ်သား ၃ ထောင်ကို အနောက် အာဖရိက ကို စေလွှတ် နေပြီဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ