တရုတ် သမ္မတ အိန္ဒိယကို ရောက်ရှိလာ

  • 17 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ် သမ္မတကို မိုဒီက ဂူဂျာရတ်မှာ ကြိုဆို

တရုတ် သမ္မတ ရှီကျင်ပင်းဟာ အိန္ဒိယ နိုင်ငံကို ၃ ရက်တာ ခရီးစဉ် အဖြစ် ရောက်ရှိ လာရာမှာ တရုတ်နဲ့ အိန္ဒိယ အာရှ အင်အားကြီး နှစ်နိုင်ငံကြား စီးပွားရေး ဆက်ဆံမှု ပိုမို နီးကပ် စေရေး ဦးစားပေး ဆွေးနွေးမယ်လို့ မျှော်လင့် ရပါတယ်။

ဂူဂျာရတ် ပြည်နယ် ဝန်ကြီးချုပ် အဖြစ် တာဝန် ယူခဲ့စဉ်က တရုတ် နိုင်ငံကို မကြာခဏ သွားလေ့ ရှိခဲ့တဲ့ လက်ရှိ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက တရုတ် သမ္မတကို ဂူဂျာရတ် ပြည်နယ်က အမီဒါဘတ် မြို့မှာ ကြိုဆို ခဲ့ပါတယ်။

ကမ္ဘာကြီးရဲ့ ရုံးခန်းတွေကို နောက်ကွယ်ကနေ လည်ပတ် ပေးနေတဲ့ အိန္ဒိယနဲ့ ကမ္ဘာကြီးရဲ့ စက်ရုံတွေကို နောက်ကွယ်က မောင်းနှင်နေတဲ့ တရုတ် တို့ရဲ့ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုက ရလာမယ့် အကျိုးအမြတ် အလားအလာကို တရုတ် သမ္မတက ဂုဏ်ယူ ပြောဆို ခဲ့ကြောင်း ဟိန္ဒူ သတင်းစာမှာ အစောပိုင်းက ရေးသား ဖော်ပြခဲ့ပါတယ်။

သူ့ခရီးစဉ် အတွင်းမှာ တရုတ် ဘက်က ထောက်ပံ့မယ့် စက်မှုဇုန်တွေ တည်ဆောက်ရေး အစီအစဉ် အပါအဝင် ဒေါ်လာ ဘီလျံ များစွာ တန်ဖိုးရှိတဲ့ တရုတ် ရင်းနှီး မြှုပ်နှံမှုတွေကို အတည်ပြု လက်မှတ် ရေးထိုးမယ်လို့ မျှော်လင့်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ