IS အပေါ် ပထမဆုံး ပြင်သစ် လေကြောင်း တိုက်ခိုက်

  • 19 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ယူအေအီးမှာ အခြေစိုက်တဲ့ ပြင်သစ် တိုက်လေယာဉ်တွေ အီရတ်ကို ပျံသန်း

အီရတ် နိုင်ငံမှာ ရှိတဲ့ IS အစ္စလာမ္မစ် တပ်တွေကို ပြင်သစ် တိုက်လေယာဉ် တွေက ပထမဆုံး အကြိမ် လေကြောင်း တိုက်ခိုက် မှုတွေ စတင် လိုက်တယ်လို့ ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က ပြောပါတယ်။

အီရတ် အရှေ့မြောက်ပိုင်းက IS တပ် စခန်းတွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး နောက်ထပ်လည်း ဆက်လက် တိုက်ခိုက် သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ယူအေအီး နိုင်ငံမှာ အခြေစိုက်တဲ့ ပြင်သစ် တိုက်လေယာဉ်တွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ ကတည်းက အီရတ် နိုင်ငံတွင်းကို ကင်းထောက် ပျံသန်းမှုတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေး နေ့မှာတော့ လေကြောင်းက ကူတိုက်ပေးဖို့ အီရတ်ရဲ့ တောင်းဆိုမှုကို လက်ခံ လိုက်တယ်လို့ ပြင်သစ် သမ္မတ ဟော်လန်းဒ်က အတည်ပြု ပြောဆိုခဲ့ပါတယ်။

အမေရိကန် ကလည်း အီရတ်မှာ ရှိတဲ့ ဂျီဟတ်ဒစ် စစ်သွေးကြွတွေကို သြဂုတ်လ လယ်ပိုင်း ကတည်းက အခုအထိ လေကြောင်းကနေ အကြိမ် ၁၇၀ ကျော် တိုက်ခိုက်ခဲ့ပြီး ဖြစ်ပါတယ်။

IS အစ္စလာမ္မစ် အဖွဲ့ဟာ အီရတ်နဲ့ ဆီးရီးယားက မြို့ အတော်များများကို သိမ်းပိုက် ထားဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ