အယ်လ်ခိုင်ဒါ အိန္ဒိယ အဖွဲ့ခွဲ၊ ယုံမှားမှုဟု မိုဒီ ပြော

  • 19 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption အိန္ဒိယ မွတ်ဆလင်တွေဟာ နိုင်ငံအတွက် အသက်စွန့်မယ့် သူတွေလို့ မိုဒီ ပြော

အိန္ဒိယမှာ ရှိတဲ့ မွတ်ဆလင် တွေကို အယ်လ်ခိုင်ဒါ အဖွဲ့က စည်းရုံး နိုင်မယ်လို့ ယူဆမယ် ဆိုရင် မှားလိမ့်မယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ပြောကြား လိုက်ပါတယ်။

အိန္ဒိယ မွတ်ဆလင် တွေဟာ ကိုယ့်တိုင်းပြည် အတွက် ကိုယ် အသက်စွန့် ဆောင်ရွက်မယ့် သူတွေ ဖြစ်တယ်လို့ မစ္စတာ မိုဒီက ရုပ်သံ မေးမြန်းခန်း တခုမှာ ပြောကြား ခဲ့ပါတယ်။

အခု လဆန်းပိုင်းမှာ အယ်လ်ခိုင်ဒါ ခေါင်းဆောင် Ayman al-Zawahiri က ဘာသာရေး စစ်ပွဲ ဆင်နွှဲဖို့ အယ်လ်ခိုင်ဒါ အိန္ဒိယ အဖွဲ့ခွဲကို ထူထောင် လိုက်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယမှာ ရှိတဲ့ အကြမ်းဖက်မှုတွေဟာ ယေဘုယျ အနေနဲ့ နိုင်ငံ အတွင်း ဒါမှမဟုတ် ပါကစ္စတန် နဲ့ ပတ်သက်တဲ့ ခွဲထွက်ရေး လှုပ်ရှားမှုတွေသာ ဖြစ်ပြီး နိုင်ငံ ပြင်ပက အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်နွယ်လေ့ မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ