IS တိုက်ဖျက်ရေးမှာ အီရန် ပါဝင်နိုင်

  • 19 စက်တင်ဘာ 2014
_kerry_unsc_chair_ ဓာတ်ပုံ မူပိုင် Getty
Image caption ကုလ လုံခြုံရေး ကောင်စီ မှာ ဝန်ကြီး ကယ်ရီ စကားပြောနေစဉ်

အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် အဖွဲ့ IS အဖွဲ့ ကို တကမ္ဘာလုံး အတိုင်းအတာ နဲ့ စုပေါင်း ချေမှုန်းရာ မှာ၊ စစ်ရေး သက်သက် အရေးယူ ဆောင်ရွက်ခြင်း မျိုး မဟုတ်တာကြောင့် အီရန် အနေနဲ့ လည်း ဝင်ရောက် ပူးပေါင်း ဆောင်ရွက်နိုင် တဲ့ အခန်း ကဏ္ဍတွေ ရှိတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ ပြောပါတယ်။

အီရန်ရဲ့ နြူကလီယာ အစီအစဉ် နဲ့ ပတ်သက်ပြီး ပြုလုပ်ခဲ့ တဲ့ စကားပြောဆိုမှု တွေ အတွင်း၊ အမေရိကန်နဲ့ အီရန် ကိုယ်စားလှယ်တွေ သီးခြား တွေ့ဆုံပြီး IS အဖွဲ့ ကြောင့် ဖြစ်ပေါ်နေ တဲ့ အန္တရာယ် နဲ့ စပ်လျှဉ်းပြီးတော့လည်း သီးခြား ဆွေးနွေးမှု တွေ ပြုလုပ်ခဲ့တယ် လို့ အမေရိကန် နိုင်ငံခြားရေး ဌာန က ထုတ်ဖော် ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ