၃ ရက် ပိတ်ဆို့ ရှာဖွေမှု ဆီရီယာ လီယွန်း စတင်

  • 19 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အိမ်ပေါက်စေ့ ဝင်ထွက် ရှာဖွေမယ့် သူတွေ

ဆီရီယာ လီယွန်း နိုင်ငံမှာ အီဘိုလာ ရောဂါ ကူးစက် ခံရသူ လူနာတွေကို ကျန်းမာရေး ဝန်ထမ်းတွေက လိုက်လံ ရှာဖွေ နိုင်ဖို့အတွက် ၃ ရက်တာ ကာဖျူး အမိန့်ကို ထုတ်ပြန် လိုက်ပါတယ်။

အီဘိုလာ ကူးစက် ခံရသူတွေ ကုသမှု ခံယူပြီး ပြန်လည် ကောင်းမွန် လာတာကို မတွေ့ရတဲ့ အတွက် လူနာတွေ အနေနဲ့ ကုသမှု ခံယူဖို့ မလာရောက်ကြဘဲ တွန့်ဆုတ် နေကြတာ ဖြစ်ပါတယ်။

လူ ၃ သောင်း ပါဝင်တဲ့ ကျန်းမာရေး အဖွဲ့ဟာ ရောဂါရှင် လူနာတွေကို ရှာဖွေ ဖော်ထုတ်ဖို့နဲ့ ဆပ်ပြာတွေ ဖြန့်ဝေ ပေးဖို့ အိမ်ပေါက်စေ့ လှည့်လည် သွားရောက် နေကြပါတယ်။

တစ်ချိန်တည်းမှာ အိမ်နီးချင်း ဂီနီ နိုင်ငံမှာလည်း အင်္ဂါနေ့က တိုက်ခိုက် ခံခဲ့ရတဲ့ ကျန်းမာရေး ဝန်ထမ်း ၈ ယောက်ရဲ့ အလောင်းတွေကို ပြန်လည် ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ရွာသားတွေ အနေနဲ့ အီဘိုလာ ရောဂါ တိုက်ဖျက်ရေး အတွက် အာဏာပိုင်တွေရဲ့ ဆောင်ရွက်မှုတွေ အပေါ် အယုံအကြည် ကင်းမဲ့ နေကြတာကြောင့် အခုလို တိုက်ခိုက် ခံရမှုတွေ ဖြစ်ပေါ်နေပြီး ကျန်းမာရေး ဝန်ထမ်းတွေ အဖို့ အခက်အခဲတွေ ကြုံတွေ့နေရကြောင်း သတင်းထောက်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ