ယူကရိန်း အပစ်ရပ်မှုဟာ နာမည်လောက်သာ ကျန်

  • 20 စက်တင်ဘာ 2014
_breedlove ဓာတ်ပုံ မူပိုင် Reuters
Image caption နေတိုး ဗိုလ်ချူပ်ကြီး ဘရိဒ်လဗ်

ယူကရိန်း နိုင်ငံ အရှေ့ဘက်ပိုင်း နယ်တွေ မှာ အပစ်ရပ် သဘောတူ ထားတယ် ဆိုတာ အမည်ခံ လောက်ပဲ ကျန်တော့ပြီး တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ်နေကြတယ်လို့ နေတိုး ရဲ့ စစ်ဘက်ဆိုင်ရာ အကြီးအကဲ ဗိုလ်ချူပ်ကြီး Philip Breedlove က ပြောလိုက်ပါ တယ်။

အခုအချိန် မှာ ဖြစ်ပေါ်နေတဲ့ ယူကရိန်း အစိုးရ တပ်တွေနဲ့ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေ အကြား အပြန်အလှန် တိုက်ခိုက် နေကြတာတွေရဲ့ အတိုင်းအတာ ဟာ အပစ်ရပ် သဘောတူမှု မရှိသေးတဲ့ အချိန်ကနဲ့ ဆတူ ပြန် ဖြစ်နေပြီ လို့ ဗိုလ်ချူပ်ကြီး Breedlove က ဆိုပါတယ်။

ယူကရိန်း နိုင်ငံထဲ မှာ သူပုန်တွေ ဘက်က ဝင်ရောက် တိုက်ခိုက် ပေးနေ တဲ့ ရုရှား တပ်ဖွဲ့တွေ ရဲ့ အရေအတွက် ကတော့ သိသိသာသာ လျော့နည်း သွားပေမယ့် ရှိတော့ ရှိနေဆဲ ဖြစ်ကြောင်း လည်း ပြောပါတယ်။

ရုရှားဘက်ကတော့ ယူကရိန်း နယ်တွေထဲ သူတို့ရဲ့ တပ်တွေ စေလွှတ်ထားခြင်း မရှိဘူး လို့ ငြင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ