တပတ်ကြာ ဟောင်ကောင် ကျောင်းသား သပိတ် စတင်

  • 22 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption Chinese University ပရဝုဏ်ထဲမှာ စုရုံးကြစဉ်။

ဟောင်ကောင်မှာ ထောင်သောင်း ချီတဲ့ တက္ကသိုလ် ကျောင်းသားတွေဟာ Chinese University ရဲ့ ပရဝုဏ် ထဲမှာ စုရုံးပြီး လာမယ့် ရွေးကောက်ပွဲမှာ တရုတ် အစိုးရက စိတ်ကြိုက် ရွေးထားတဲ့ ကိုယ်စားလှယ်တွေ ယှဉ်ပြိုင်နိုင်ရေး အစီအစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ တပတ်ကြာ ကန့်ကွက် ဆန္ဒပြမှုကို စတင် လိုက်ကြပါတယ်။

ကျောင်းသား အများစုဟာ အဓိပ္ပာယ် ပြည့်ဝတဲ့ ဒီမိုကရေစီ ရအောင် စွမ်းဆောင် ရယူမယ် ဆိုတဲ့ အမှတ် သင်္ကေတ အဖြစ် အဝါရောင် ဖဲပြားတွ ဆင်မြန်းကြပြီး တက္ကသိုလ် ဝင်းထဲကို စုရုံး ဝင်ရောက် ခဲ့ကြပါတယ်။

ပညာရေး ဝန်ထမ်းတွေနဲ့ ပညာရှင် ၄၀၀ နီးပါး ကလည်း ဒီကျောင်းသားတွေကို ထောက်ခံ အားပေးကြပါတယ်။

၂၀၁၇ ခု ရွေးကောက်ပွဲမှာ ဘေဂျင်း အစိုးရက လိုလားတဲ့ လက်တဆုပ်စာ ကိုယ်စားလှယ် တွေပဲ နေရာ ရစေမယ့် ရွေးကောက်ပွဲ စည်းမျဉ်းသစ် အပေါ် မှာ မကျေနပ်လို့ ခုလို ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဒီ ဆန္ဒပြပွဲဟာ တရားတဲ့ စည်းမျဉ်းကို ပြည်သူတွေက အာခံတဲ့ ပထမ ခြေလှမ်း အဖြစ် ရည်ရွယ်တာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ ရှိတဲ့ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင်တွေ ကတော့ ဘေဂျင်း မြို့တော်ဆီ သွားရောက် နေကြပြီး ဒီဆန္ဒပြပွဲရဲ့ အကျိုးဆက် အဖြစ် စီးပွားရေး ထိခိုက်မှာ ကို စိုးရိမ်ကြောင်း သတိပေးကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ