ဒုက္ခသည် အရေး တူရကီ အကူအညီ လိုနေ

  • 22 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption တူရကီ နယ်စပ်ကို ရောက်လာတဲ့ ဆီးရီးယန်း ကာ့ဒ် ဒုက္ခသည်တွေ

ဆီးရီးယား ဘက်က ဝင်လာတဲ့ အရေအတွက် ၁ သိန်း ၃ သောင်း ရှိတဲ့ ကာ့ဒ် ဒုက္ခသည်တွေကို စောင့်ရှောက်ဖို့ တူရကီ အနေနဲ့ အရေးပေါ် အကူအညီ လိုအပ်နေကြောင်း ကုလ သမဂ္ဂက ပြောပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ် က စတင်ခဲ့တဲ့ ဆီးရီးယား ဒေသတွင်း တိုက်ပွဲတွေ ကြောင့် အချိန်တို အတွင်း ထွက်ပြေး လာကြတဲ့ ဒုက္ခသည်တွေ အနက် ဒီ တစ်ခေါက်ဟာ အများဆုံး ဖြစ်တဲ့ အကြောင်း ကုလသမဂ္ဂ က ပြောပါတယ်။

IS အစ္စလာမ္မစ် အဖွဲ့ရဲ့ ရန်ကြောင့် ဆီးရီးယားမှာ ရှိတဲ့ ကာ့ဒ် ဒုက္ခသည် ၁ သိန်း ၃ သောင်း ကျော်ဟာ ၃ ရက် အတွင်း တူရကီ ဘက်ကို ဝင်ရောက်လာ အပြီးမှာ တူရကီ အစိုးရက နယ်စပ်ကို ပိတ်ထားလိုက်ပါတယ်။

အခု ထွက်ပြေးလာတဲ့ ကာ့ဒ် ဒုက္ခသည်တွေ မတိုင်မီ ကတည်းက တူရကီ နယ်စပ်မှာ ဆီးရီးယား ဒုက္ခသည် တစ်သန်းကျော် ရှိနေပြီး အဲဒီ ပြဿနာကို တူရကီက ဖြေရှင်းနေရတာ ဖြစ်ပါတယ်။

ထွက်ပြေးလာတဲ့ ကာ့ဒ်တချို့ဟာ တနင်္ဂနွေနေ့က တခြား ဒုက္ခသည်တွေနဲ့ ပူးပေါင်းဖို့ ငြင်းဆို ကန့်ကွက်ခဲ့ကြပြီး IS အဖွဲ့ကို သွားရောက် တိုက်ခိုက်ဖို့ ကြိုးစား ကြတယ်လို့ သိတင်း ရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ