ရာသီဥတု ထိပ်သီး ဆွေးနွေးပွဲ ကုလမှာ ကျင်းပ

  • 23 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption နိုင်ငံပေါင်း ၁၂၀ က ခေါင်းဆောင်တွေ တက်ရောက်

နယူးယောက် မြို့က ကုလသမဂ္ဂ ဌာနချုပ်မှာ ကမ္ဘာ့ ခေါင်းဆောင်တွေ စုဝေးပြီး ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲကြီး တစ်ခုကို ဒီကနေ့ စတင် ကျင်းပနေပါတယ်။

ဒီဆွေးနွေးပွဲကို နိုင်ငံ ၁၂၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက် ပေမယ့် လေထု ညစ်ညမ်းအောင် အများဆုံး လုပ်တဲ့ နိုင်ငံ တွေထဲမှာ ပါတဲ့ တရုတ်နဲ့ အိန္ဒိယက ခေါင်းဆောင်တွေ ကတော့ လာမတက်ကြပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ ရာသီဥတု ပြောင်းလဲမှုဟာ ဒီကနေ့ ခေတ်ရဲ့ အရေးအကြီးဆုံး ကိစ္စတစ်ခု ဖြစ်ပြီး နိုင်ငံ အားလုံး ပါဝင် ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

အခု အစည်းအဝေးကနေ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အားလုံးက လိုက်နာ ဆောင်ရွက်မယ့် ဖန်လုံအိမ် ဓာတ်ငွေ့ လျှော့ချရေး ကမ္ဘာလုံး ဆိုင်ရာ သဘောတူ စာချုပ်သစ် တစ်ခု လာမယ့် နှစ်မှာ ထွက်ပေါ်လာဖို့ မျှော်လင့်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ