ဆီးရီးယား တိုက်လေယာဉ်ကို အစ္စရေး ပစ်ချ

  • 23 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား တိုက်လေယာဉ် မီးလောင် ပျက်ကျသွားစဉ်။

အစ္စရေး လေပိုင်နက်ထဲ ဝင်လာတဲ့ ဆီးရီးယား တိုက်လေယာဉ် တစီးကို အစ္စရေးပိုင် ဂိုလန် ကုန်းမြင့် ပေါ်မှာ ပစ်ချခဲ့တယ်လို့ အစ္စရေး စစ်တပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။

ရုရှားလုပ် Sukhoi-24 အမျိုးအစား တိုက်လေယာဉ်ဟာ ဂိုလန် ကုန်းမြင့် အနီးက ဆီးရီးယား ဘက်ခြမ်း Quneitra မြို့ အနီးမှာ မီးလောင် ပျက်ကျ သွားခဲ့ပြီး လေယာဉ်မှူးကတော့ ခုန်ထွက် လွတ်မြောက် ခဲ့တယ်လို့ အစ္စရေးဘက်က လာတဲ့ သတင်းတွေက ဆိုပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီး Moshe Yaalon က ပြောရာမှာ ရိုးရိုးသားသား မှားယွင်းမှုကြောင့် ဖြစ်စေ အစ္စရေးကို ခြိမ်းခြောက်လာမှု မှန်သမျှကို တုံ့ပြန် ဆောင်ရွက် ရမှာသာ ဖြစ်တယ်လို့ ပြောပါတယ်။

အစ္စရေး လေတပ် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်မှူးချုပ် Ram Shmueli ကတော့ အခု ဖြစ်ရပ်ဟာ အဲဒီ တိုက်လေယာဉ်မှူးရဲ့ မှားယွင်း ဝင်ရောက် လာမှု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဆီးရီးယား သူပုန်အဖွဲ့ကတော့ အဲဒီ လေယာဉ်ဟာ ဆီးရီးယား ဘက်မှာ ဗုံးကြဲနေတဲ့ လေယာဉ် ဖြစ်တယ်လို့ ပြောပါတယ်။

အခုလို ဆီးရီးယား လေယာဉ် တစီးကို အစ္စရေး စစ်တပ်က ပစ်ချတာဟာ ၁၉၈၉ က နောက်ဆုံး တစ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ