တရုတ် ကာဗွန် ထုတ်လွှတ်မှု လျှော့ချမယ်

  • 24 စက်တင်ဘာ 2014
climate ဓာတ်ပုံ မူပိုင် Reuters
Image caption နေပျော်ဖွယ် ကမ္ဘာကြီးကို ပေးခဲ့ဖို့ တောင်းဆို

လာမယ့် ၂ဝ၂ဝ ပြည့်နှစ်မှာ တရုတ် နိုင်ငံရဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု ပမာဏ ကို ၄၅ ရာခိုင်နှုန်းထိ လျှော့ချ နိုင်ဖို့ ကြိုးပမ်း သွားမယ်လို့ တရုတ် ဒုတိယ သမ္မတ Zhang Gaoli က ကုလ သမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ထိပ်သီး ဆွေးနွေးပွဲမှာ ပြောကြား ခဲ့ပါတယ်။

ကာဗွန် ထုတ်လွှတ်မှု ကို အမြန်ဆုံး ထိန်းချုပ် နိုင်အောင် ထိထိရောက်ရောက် ကြိုးစားပါ့မယ်လို့ တရုတ် အစိုးရက ပထမဆုံး အကြိမ် ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ပတ်ဝန်းကျင် ညစ်ညမ်းမှု အများဆုံး ဖြစ်စေတဲ့ နိုင်ငံကြီး ၂ ခု ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့က ရာသီဥတု ပြောင်းလဲမှုကို တားဆီးရေးမှာ တာဝန် ရှိတယ်လို့ မစ္စတာ ဂျန်နဲ့ သဘော တူညီမှု ရခဲ့ကြောင်းလဲ အမေရိကန် သမ္မတ အိုဘားမားက ပြောကြား ခဲ့ပါတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံ တွေရဲ့ ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေး အတွက် ပြင်သစ် နိုင်ငံက ဒေါ်လာ သန်း တထောင် ထည့်ဝင် ခဲ့ပြီး သစ်တော ပြုန်းတီးမှု လျှော့ချရေး အတွက် ဒေါ်လာ သန်း ၃ဝဝ ကူညီဖို့ နော်ဝေး နိုင်ငံက ကတိပြု ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ