ပြင်​သစ်​တစ်​ဦး အသတ်​ခံ​ရ​တာ အတည်​ပြု

  • 25 စက်တင်ဘာ 2014
herve_gourdel ဓာတ်ပုံ မူပိုင် AFP
Image caption အသတ်ခံခဲ့ရတဲ့ အယ်ဗေး ဂိုလ်ဒဲ

အယ်လ်ဂျီးရီးယား အစ္စလာမ်မစ် စစ်သွေးကြွတွေ ရဲ့ ဖမ်းဆီး ထားတာ ခံနေရ တဲ့ ပြင်သစ်နိုင်ငံသား အယ်ဗေး ဂိုလ်ဒဲ တစ်ယောက် ခေါင်းဖြတ် အသတ်ခံလိုက်ရပြီ လို့ ပြင်သစ် အာဏာပိုင် တွေက အတည်ပြု လိုက်ပါတယ်။

အယ်ဗေး ဂိုလ်ဒဲ ကို အစွန်းရောက်တွေ က သူရဲဘောကြောင်စွာ၊ ကြမ်းကြုတ်စွာ၊ အရှက်တရား ကင်းမဲ့စွာ နဲ့ သတ်ဖြတ် လိုက်ပါပြီ ဆိုပြီး ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် က ကြေညာ သွားပါတယ်။

အစောပိုင်းတုန်းက အစွန်းရောက်တွေ ထုတ်ပြန်ခဲ့ တဲ့ မစ္စတာ ဂိုလ်ဒဲ ကို ခေါင်းဖြတ်နေတာကို ဖော်ပြနေတဲ့ ဗီဒီယို ထွက်ရှိခဲ့ပါ တယ်။

မစ္စတာ ဂိုလ်ဒဲ ကို သတ်ဖြတ်ခဲ့ တဲ့ အယ်လ်ဂျီးရီးယား အစ္စလာမ်မစ် အဖွဲ့ အမည်ဟာ Jund al-Khilifa ဖြစ်ပြီး IS အဖွဲ့နဲ့ အဆက်အစပ် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ