IS အဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်မှု ထပ်လုပ်

  • 24 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ် သွားမယ်လို့ အမေရိကန် ပြော

ဆီးရီးယားနဲ့ အီရတ်မှာ ရှိတဲ့ IS အစ္စလာမစ် နိုင်ငံ အဖွဲ့ အပေါ် နောက်ထပ် လေကြောင်း တိုက်ခိုက်မှုတွေ ထပ်လုပ် ခဲ့တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

အီရတ်နိုင်ငံ မြောက်ပိုင်းက Irbil မြို့ အနီးက ပစ်မှတ်တွေနဲ့ ဘဂ္ဂဒက် မြို့တော် အနောက်ဘက်မှာပါ ပစ်မှတ်တွေကို ထိမှန်အောင် တိုက်ခိုက် နိုင်ခဲ့တယ်လို့ အမေရိကန် ဗဟို ကွပ်ကဲရေး အဖွဲ့က ပြောပါတယ်။

အီရတ်နဲ့ ဆီးရီးယား နယ်စပ်က Abu Kamal မြို့အနီးမှာ IS အဖွဲ့ရဲ့ ယာဉ် ၈ စီး၊ ဆီးရီးယား အရှေ့ပိုင်းက Deir al-Zour မြို့မှာ IS အဖွဲ့ရဲ့ ယာဉ် ၂ စီး တို့ကို ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်းလည်း ဆိုပါတယ်။

တူရကီ နဲ့ ဆီးရီးယား နယ်စပ်က Kobane မြို့ အနီးမှာလည်း လေကြောင်း တိုက်ခိုက်မှု တခု ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဒီတိုက်ခိုက်မှုဟာ အမေရိကန်ရဲ့ လက်ချက် ဟုတ်မဟုတ် ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

အဲဒီ Kobane မြို့မှာတော့ ကာ့ဒ် လက်နက်ကိုင်တွေဟာ IS အဖွဲ့တွေရဲ့ နောက်ထပ် စစ်ဆင် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင် နေရတယ်လို့ ပြောပါတယ်။

အဲဒီမြို့မှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ဆီးရီးယားမှာ ရှိတဲ့ ကာ့ဒ်လူမျိုး တသိန်းကျော် အိုးအိမ် စွန့်ခွာ ထွက်ပြေး ခဲ့ကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ