ခေါင်း​ဖြတ်​သူ​ကို သိ​ပြီ​လို့ FBI ပြော

  • 25 စက်တင်ဘာ 2014
_james_comey ဓာတ်ပုံ မူပိုင် Getty
Image caption FBI ညွှန်ကြားရေးမှုး ဂျိမ်းစ်ကိုမီ

အမေရိကန် စာနယ်ဇင်း သမား ၂ ဦး နဲ့ ဗြိတိသျှ ပရဟိတ သမား တို့ကို ခေါင်းဖြတ် သတ်မှု ကျူးလွန်ခဲ့ တဲ့ အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် အဖွဲ့ဝင် ဟာ ဘယ်သူ ဘယ်ဝါ ဆိုတာ ကို ဖော်ထုတ် နိုင်ပြီ လို့ အမေရိကန် ထောက်လှမ်းရေး အဖွဲ့ FBI ရဲ့ ညွှန်ကြားရေးမှုး ဂျိမ်းစ်ကိုမီ က ပြောလိုက်ပါ တယ်။

ထိုသူရဲ့ နာမည် နဲ့ ဘယ် နိုင်ငံသား လဲ ဆိုတာကို လောလောဆယ် မှာ FBI က ထုတ်ဖော် မကြေညာ သေးပေမယ့်၊ ဗြိတိသျှ နိုင်ငံသား ဖြစ်နိုင်တယ် ဆိုပြီး လန်ဒန်က အာဏာပိုင် တွေက ပြောထားပါ တယ်။

နိုင်ငံတကာ က မိတ်ဆွေတွေ ရဲ့ အကူအညီ နဲ့ တရားခံ ဘယ်သူဘယ်ဝါ ဆိုတာ ဖော်ထုတ် နိုင်ခဲ့တာ ဖြစ်တယ် လို့ မစ္စတာ ကိုမီ က ဆိုပါတယ်။

ဂျိမ်းစ်ဖိုလီ၊ စတီဗင်ဆော့ထ်လော့ဖ်နဲ့ ဒေးဗစ်ဟိန်းစ် တို့ ခေါင်းဖြတ် အသတ်ခံကြရ တဲ့ ဗီဒီယိုတွေ ကို အစ္စလာမ်မစ် နိုင်ငံ အစွန်းရောက် IS အဖွဲ့က အင်တာနက် အွန်လိုင်းပေါ် တင်ခဲ့ အပြီး၊ အဲဒီ့ အစွန်းရောက် အဖွဲ့ကို ပြတ်ပြတ်သားသား အရေးယူ ဖို့ ဆုံးဖြတ်ချက် အပေါ် နိုင်ငံတကာ ထောက်ခံမှုတွေ ရရှိလာခဲ့ ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ