အိန္ဒိယ ဂြိုဟ်တု အင်္ဂါဂြိုဟ် ဓာတ်ပုံတွေ ပေးပို့

  • 25 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption မန်ဂါလီယန် ဂြိုဟ်တုက ပထမဆုံး ပေးပို့တဲ့ ဓာတ်ပုံ

အိန္ဒိယ နိုင်ငံက အင်္ဂါဂြိုဟ်ပတ် လမ်းထဲကို လွှတ်တင် နိုင်ခဲ့တဲ့ Mangalyaan ဂြိုဟ်တုကနေ ပထမဆုံး အနေနဲ့ ရိုက်ယူ ပေးပို့ခဲ့တဲ့ အင်္ဂါဂြိုဟ်ရဲ့ ပုံရိပ်တွေကို အိန္ဒိယ အာကာသ အေဂျင်စီက ထုတ်ပြန်လိုက်ပါတယ်။

အင်္ဂါဂြိုလ်မှာ သက်ရှိ အထောက်အထား ရှိမရှိ ကိုလည်း အဲဒီ ဂြိုဟ်တုက လေ့လာ စူးစမ်းသွားမယ်လို့ ဆိုပါတယ်။

အိန္ဒိယရဲ့ Mangalyaan ဂြိုဟ်တု လွှတ်တင်တဲ့ ခရီးစဉ်ဟာ တစ်ကြိမ်တည်းနဲ့ အောင်မြင်ခဲ့တာ ဖြစ်ပြီး စျေးအသက်သာဆုံး ဖြစ်ကာ အမေရိကန် အာကာသ အေဂျင်စီ နာဆာရဲ့ နောက်ဆုံး တစ်ခေါက် အင်္ဂါဂြိုဟ် ခရီးစဉ်က အခုထက် ၁၀ ဆလောက် ပိုမို ကုန်ကျခဲ့ပါတယ်။

မန်ဂါလီယန် ဂြိုဟ်တု ကနေ အင်္ဂါဂြိုဟ် ဓာတ်ပုံ ၁၀ ပုံခန့် ရိုက်ယူ ပေးပို့ခဲ့တယ်လို့ ဟိန္ဒူ သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ