IS အဖွဲ့​ကို ဆက်လက် ​တိုက်​ခိုက်နေ

  • 27 စက်တင်ဘာ 2014
air_strike_ ဓာတ်ပုံ မူပိုင် PA
Image caption IS နှိမ်နှင်းရေး တိုက်လေယာဉ်

ဆီးရီးယားနဲ့ အီရတ်တို့ မှာ အစ္စလာမ်မစ် အစွန်းရောက် IS အဖွဲ့ ကို လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ် ထပ်မံ ပြုလုပ်ခဲ့တယ် ဆိုပြီး အမေရိကန် က ပြောပါတယ်။

အီရတ် ထဲက ပစ်မှတ် ၇ခု နဲ့ ဆီးရီးယား ထဲက ပစ်မှတ် ၃ ခုကို အဝေးကနေ ထိန်းချူပ် မောင်းနှင်တဲ့ ယာဉ်ပျံတွေ၊ တိုက်လေယာဉ် တွေ သုံးပြီး တိုက်ခိုက် ခဲ့တာမှာ ဆောက်ဒီ အာရေးဗျား၊ ဂျော်ဒန် နဲ့ ယူအေအီး နိုင်ငံတွေ ကလည်း ပူးပေါင်း ပါဝင်ခဲ့တယ် လို့ အမေရိကန် စစ်ဌာနချူပ် ပဲန်တဂန် က ဆိုပါတယ်။

စနေနေ့ အစောပိုင်း တုန်းက ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ် ဆိုပြီး တူရကီ နယ်စပ်အနီးက ဆီးရီးယားမြို့ ဖြစ်တဲ့ ခိုဘာနီ မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

တခါ၊ IS အဖွဲ့ နှိမ်နှင်းရေး လေကြောင်း တိုက်ခိုက်မှုတွေ မှာ ပါဝင်ဖို့ ပြီးခဲ့တဲ့ သောကြာနေ့ တုန်းက ဗြိတိသျှ ပါလီမန်ကနေ ဆုံးဖြတ် ခဲ့ပြီးတဲ့ နောက်၊ အခုဆို ဗြိတိသျှ တိုက်လေယာဉ်တွေ ဟာ ပထမဆုံး အကြိမ်အဖြစ် စစ်ရေး ဆောင်ရွက်ချက် တွေထဲ ဝင်ရောက် ပူးပေါင်း ပျံသန်းခဲ့ပြီ ဖြစ်ပါတယ်။

ဗြိတိသျှ Tornado တိုက်လေယာဉ် ၂ စင်းဟာ လေကြောင်း တိုက်ခိုက်မှု တွေ မလုပ်ဆောင် ခဲ့ပေမယ့် လက်နက်အသင့် တပ်ဆင်ပြီး စစ်ရေး သတင်း အချက်အလက် တွေ ရယူ စုဆောင်း ခဲ့ကြောင်း ဗြိတိန် ကာကွယ်ရေး ဌာန က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ