ပါ​ကစ္စ​တန်​နဲ့ ဆွေးနွေး​လို​ကြောင်း မို​ဒီပြော

  • 27 စက်တင်ဘာ 2014
narendra_modi_at_united_nations_general_assembly_ ဓာတ်ပုံ မူပိုင် EPA
Image caption ကုလ အထွေထွေ ညီလာခံမှာ တွေ့ရတဲ့ ဝန်ကြီးချူပ် မိုဒီ

အကြမ်းဖက်ဝါဒ ရဲ့ လောင်းရိပ် က ကင်းလွတ်နေမယ် ဆိုရင် ပါကစ္စတန် နဲ့ ငြိမ်းချမ်းရေး စကား ပြောလိုပါတယ် လို့ အိန္ဒိယ ဝန်ကြီးချူပ် နရိန္ဒရာ မိုဒီ က ပြောလိုက်ပါ တယ်။

ဒီလို အပြန်အလှန် စကားပြောပွဲ တွေ ဖြစ်ပေါ် လာနိုင်တဲ့ အခြေအနေ မျိုး ရှိလာအောင် ပါကစ္စတန် ဘက်က လုပ်ဆောင်မှ ဖြစ်မယ် ဆိုပြီးတော့ လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ ပြောတဲ့ သူ့ရဲ့ ပထမဆုံး မိန့်ခွန်းထဲ မှာ ဝန်ကြီးချူပ် မိုဒီက ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

အရင်လက ပြုလုပ်ဖို့ စီစဉ် ထားခဲ့ တဲ့ ၂ နိုင်ငံ တွေ့ဆုံ စကားပြောပွဲ ကို အိန္ဒိယ ဘက်က ဖျက်ခဲ့တဲ့ အတွက် ပါကစ္စတန် ဝန်ကြီးချူပ် နဝါ့ဇ်ရှရစ်ဖ် ရဲ့ ဝေဖန်မှုတွေ လည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း ထွက်ပေါ် လာပါသေး တယ်။

အိန္ဒိယ နိုင်ငံ ဒေလီ မြို့တော် ကို စေလွှတ်ခဲ့တဲ့ ပါကစ္စတန် ကိုယ်စားလှယ် အဖွဲ့ဟာ ကက်ရှ်မီးယား ခွဲထွက်ရေး သမားတွေနဲ့ တွေ့ဆုံ ဆွေးနွေး မှုတွေ လုပ်ဆောင်ခဲ့ အပြီး၊ အိန္ဒိယ ဘက်က အဲဒီ့လို ဖျက်သိမ်းခဲ့ တာ ဖြစ်ပါ တယ်။

ဝန်ကြီးချူပ် မိုဒီရဲ့ ကုလသမဂ္ဂ မိန့်ခွန်းထဲ မှာ ကမ္ဘာတဝှမ်း ကြုံတွေ့နေရ တဲ့ အကြမ်းဖက် ဝါဒကို အတူ ပူးတွဲ တိုက်ဖျက် ကြဖို့နဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းကြီး အတွင်း ပြုပြင် ပြောင်းလဲမှု တွေ လုပ်ဆောင်ဖို့ လည်း တိုက်တွန်း ထားပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ