ဟောင်ကောင် ဆန္ဒပြပွဲ ဆက်လက် ဖြစ်ပေါ်

  • 28 စက်တင်ဘာ 2014
_hongkong_protest_ ဓာတ်ပုံ မူပိုင် Reuters
Image caption ဟောင်ကောင်ရဲတွေနဲ့ ထိပ်တိုက်တွေ့နေကြတဲ့ ဆန္ဒပြသမားတွေ

ဟောင်ကောင် ရဲ့ ထောင်ပေါင်း များစွာ သော ဒီမိုကရေစီ လိုလားသူ ဆန္ဒပြ လူထုကြီး ဟာ အာဏာပိုင် တွေရဲ့ အမိန့်တွေ ကို ဆက်လက် ဖီဆန်ရင်း မြို့လည် စီးပွားရေး အချက်အချာ ကျတဲ့ နေရာ တချို့ကို နေရာယူ ပိတ်ဆို့ ထား ပါတယ်။

ဆန္ဒပြ သမားတွေ နဲ့ ဟောင်ကောင် အာဏာပိုင် တွေ အကြား ထိပ်တိုက် တွေ့မှုတွေ လည်း ပြီးခဲ့တဲ့ သောကြာနေ့ ကတည်း က စတင်လာ နေပြီး အခုဆို ပိုမို အရှိန် တိုးမြှင့်လာ နေပါတယ်။

လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ လည်း မြို့လယ်မှာ တင်မက ကျန် နေရာတွေကိုပါ ပျံ့နှံ့လာနေပြီး ဆန္ဒပြ လူအုပ်ကို ဖြိုခွဲဖို့ အတွက် ရဲတပ်ဖွဲ့ ကလည်း မျက်ရည်ယိုဗုံး တွေ အသုံးပြုနေ ကြပါတယ်။

တရုတ် ပြည်မကြီး အစိုးရက ဟောင်ကောင် အပေါ် ဒီမိုကရေစီ အပြည့်အဝ ပေးဖို့ ငြင်းဆန်တယ် လို့ ရှု့မြင် ထားရာက အခုလို ဆန္ဒပြမှု တွေ အုံကြွ ပေါ်ထွန်း လာခဲ့ကြတာ ဖြစ်ပါတယ်။

ဟောင်ကောင် အာဏာပိုင်တွေ အနေနဲ့ ဆန္ဒပြမှု ကို ပိုမို အင်အားသုံး ဖြိုခွဲ လာနိုင်တဲ့ အတွက် ဆန္ဒပြ စခန်းတွေ အဖြစ် အခြေ စိုက်ထားရာ နေရာကနေ လူတွေ ထွက်ခွာ သွားကြ ဖို့ ဟောင်ကောင် ကျောင်းသားများ ဖရက်ဒရေးရှင်း က တိုက်တွန်းထား ပါတယ်။ ဒါပေမယ့် လူအများကတော့ စခန်းတွေ ထဲမှာ ဆက်လက် ရှိနေကြ ဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ