တရုတ် လူငယ် ၂ ဦးကို သေဒဏ် ချမှတ်

  • 29 စက်တင်ဘာ 2014

တရုတ် နိုင်ငံမှာ အကြီးဆုံး ဗလီကြီးရဲ့ အကြီးအကဲကို သတ်ဖြတ်မှုနဲ့ တရုတ် လူငယ် ၂ ယောက်ကို သေဒဏ် ချမှတ် လိုက်ပြီး နောက်ထပ် တစ်ယောက် ကိုတော့ ထောင်ဒဏ် တစ်သက် ချမှတ် လိုက်ကြောင်း တရုတ် အစိုးရ သတင်း မီဒီယာတွေက ဖော်ပြပါတယ်။

အစိုးရက ခန့်အပ် ထားတဲ့ အစ္စလာမ် တရားဟော ဆရာ Jume Tahir ဟာ နိုင်ငံ အနောက်ဘက် ဖျားက ကက်ရှ်ဂါ မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လက သတ်ဖြတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတ်ဖြတ်မှု အတွက် ဘာသာရေး အစွန်းရောက်တဲ့ လူငယ် ဂိုဏ်း တစ်ဂိုဏ်းမှာ တာဝန်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ် ခဲ့ပါတယ်။

သတ်ဖြတ်မှုမှာ ပါဝင်တဲ့ အဲဒီ ဂိုဏ်းဝင် အတော်များများ ကတော့ တရားဟောဆရာ သေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတွေက လိုက်လံ စုံစမ်းစဉ် အတွင်း ပစ်သတ် ခံခဲ့ကြရတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ