ဂျပန် မီးတောင်ပေါက် ကယ်ဆယ်ရေး နှောင့်နှေး

ဓာတ်ပုံ မူပိုင် Reuters
Image caption ရှာဖွေ ကယ်ဆယ်ရေးတွေ နှောင့်နှေးနေ

ဂျပန် နိုင်ငံမှာ ဒုတိယ အမြင့်ဆုံး မီးတောင် ကနေ အဆိပ် ဓာတ်ငွေ့တွေ၊ ကျောက်ခဲတွေနဲ့ ပြာတွေ အမြောက်အများ ဆက်လက် ပန်းထွက် နေတဲ့ အတွက် ကယ်ဆယ်ရေး အဖွဲ့က လုပ်ငန်း တွေကို ယာယီ ရပ်တန့် ထားကြရပါတယ်။

Ontake မီးတောင် စနေနေ့က ပေါက်ကွဲ ခဲ့ပြီးနောက် စစ်တပ်နဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ကယ်ဆယ်ရေး သမား ၅၀၀ ကျော်က အသက်ရှင် ကျန်ရစ်သူတွေနဲ့ သေဆုံးသူတွေရဲ့ အလောင်းတွေကို ရှာဖွေရေးတွေ လုပ်ဆောင် နေခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ မီးတောင် ရုတ်တရက် ပေါက်ကွဲ ချိန်က တောင်ပေါ်မှာ တောင်တက် သမား ရာနဲ့ချီ ရှိနေခဲ့ပြီး သူတို့ အထဲက သေဆုံးသူ ခုချိန်ထိ ၃၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ရှာဖွေတွေ့တဲ့ အလောင်းတွေကို ဒီကနေ့ တနင်္လာနေ့မှာ ရဟတ်ယာဉ်တွေနဲ့ သယ်ယူလာခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ