ကန် တပ်တွေ ဆက်ထားဖို့ အာဖဂန် အစိုးရသစ် လက်ခံ

ဓာတ်ပုံ မူပိုင် Reuters
Image caption အာဖဂန်မှာ အမေရိကန် တပ်ဖွဲ့ဝင် ၉၈၀၀ ဆက်ရှိမယ်

အာဖဂန် နစ္စတန် နိုင်ငံမှာ အခုနှစ် ကုန်ဆုံး အပြီးမှာလည်း အမေရိကန် တပ်ဖွဲ့တွေ ဆက်လက် ထားရှိဖို့ အတွက် အာဖဂန် နစ္စတန်ရဲ့ သမ္မတသစ် အာရှရတ်ဖ် ဂါနီ ဦးဆောင်တဲ့ အစိုးရက သဘောတူ လက်မှတ်ထိုး လိုက်ပါတယ်။

အရင် သမ္မတဟောင်း ဟာမစ် ကာဇိုင်း လက်ထက်က အခုလို အမေရိကန် တပ်ဖွဲ့တွေ ဆက်လက် ထားရှိဖို့ ငြင်းဆန် ခဲ့တဲ့အတွက် ၂ နိုင်ငံကြား ဆက်ဆံရေး တင်းမာခဲ့ကြပါတယ်။

အခု သဘောတူ စာချူပ်ကို အာဖဂန် နစ္စတန်ရဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး Hanif Atmar နဲ့ အာဖဂန် နစ္စတန် ဆိုင်ရာ အမေရိကန် သံအမတ် Jim Cunningham တို့ လက်မှတ် ရေးထိုး ခဲ့ကြတာ ဖြစ်ပြီး ရုပ်မြင် သံကြားကနေ ထုတ်လွှင့် ပြသခဲ့ပါတယ်။

အခု သဘော တူညီချက် စာချူပ်အရ အာဖဂန် နစ္စတန်မှာ အမေရိကန် တပ်ဖွဲ့ဝင် ၉၈၀၀ နဲ့ ဂျာမနီ၊ အီတလီတို့က တပ်သားတွေ အပါအဝင် နိုင်ငံခြား တပ်သား စုစုပေါင်း ၁၂၅၀၀ ရှိနေမှာ ဖြစ်ပြီး ဒေသခံ လုံခြုံရေး တပ်ဖွဲ့တွေကို ကူညီ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ