အမေရိကန် မှာ အီဘိုလာ ရောဂါ ရှင် တွေ့ရှိ

  • 30 စက်တင်ဘာ 2014
ebola ဓာတ်ပုံ မူပိုင် AP
Image caption လူနာကို အထူး သီးသန့်ဆောင်မှာ သေချာ ခွဲ ထား

အမေရိကန် နိုင်ငံမှာ ပထမဆုံး အီဘိုလာ ရောဂါ ကူးစက် ခံရတဲ့ ဝေဒနာ ရှင် တဦးကို တွေ့ရှိ ခဲ့ပါတယ်။

လိုင်ဘေးရီးယား နိုင်ငံမှာ ရောဂါ ကူးစက် ခဲ့တဲ့ အမျိုးသားဟာ တက်ဆက် ပြည်နယ်က ဖြစ်ပါတယ်။

အမေရိကကို ပြန်ရောက်ခါစက သူ့မှာ ဘာရောဂါ လက္ခဏာ မှ မပြဘူးလို့ အမေရိကန် ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဌာနက ညွှန်ကြားရေးမှူး Tom Frieden က ပြောကြား ပါတယ်။

ဒီရောဂါ ကို အမေရိက မှာ ပြန့် မသွားအောင် ထိန်းချုပ် နိုင်မှာ သံသယ ရှိစရာ မလိုဘူး လို့လဲ ဒေါက်တာ ဖရိုင်ဒန်က ပြောပါတယ်။

လူနာရဲ့ ရောဂါ အခြေအနေ အရ သူ့ကို အထူး သီးသန့်ဆောင်မှာ သေသေချာချာ ခွဲ ထားတယ် လို့ သိရပါတယ်။

ဒီအချိန်မှာပဲ အနောက် အာဖရိက ဒေသမှာ အီဘိုလာ ရောဂါ ပြန့်ပွားမှု ကို ထိန်းချုပ်ဖို့ နောက် ၂ လ အတွင်း သိသာတဲ့ တိုးတက်မှု ရဖို့ လိုတယ် လို့ ကုလ သမဂ္ဂ အီဘိုလာ နှိမ်နင်းရေး အကြီးအကဲသစ်က ပြောကြား လိုက်ပါတယ်။

အီဘိုလာ ရောဂါရှင် ၇ဝ ရာခိုင်နှုန်း မှာ ဆေးဝါး ကုသမှု ခံရဖို့ လိုအပ် နေပြီး သေဆုံးသူ ဆယ်ယောက်မှာ ၇ ယောက် ကိုလဲ သေချာ စိတ်ချ ရအောင် မြှုပ်နှံ ဖို့ လိုနေတယ်လို့ ကုလ သမဂ္ဂက Anthony Banbury က ပြောပါတယ်။

အရေးတကြီး လိုအပ်နေတဲ့ ကုတင် ထောင်ချီဆန့်တဲ့ ဆေးရုံသစ် တွေ တည်ဆောက် ပေးဖို့ မဖြစ် နိုင်ဘူးလို့ သတင်းထောက် တွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ