ဟောင်ကောင် ဆန္ဒပြမှု အမျိုးသားနေ့မှာ ထပ်တိုး

  • 1 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အမျိုးသားနေ့ အခမ်းအနားမှာ ကန့်ကွက်သူတချို့ ရှိခဲ့

ဟောင်ကောင်မှာ တရုတ် အစိုးရကို လိုလားတဲ့ အုပ်ချုပ်ရေး ခေါင်းဆောင်တွေက တရုတ် အမျိုးသားနေ့ အခမ်းအနားတွေ ကျင်းပ နေချိန်မှာ ဒီမိုကရေစီ အရေး ဆန္ဒပြမှုတွေ ကတော့ ဟောင်ကောင် နေရာ အနှံ့ကို ပြန့်နှံ လာနေပြီး ထောင်နဲ့ ချီတဲ့ ဆန္ဒပြသူတွေ ထပ်တိုး လာနေပါတယ်။

တရုတ် ကွန်မြူနစ်ပါတီက အာဏာကို ရယူခဲ့တဲ့ ၆၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ တရုတ် အမျိုးသား သီချင်းကို တီးမှုတ် ခဲ့ချိန်မှာ ကန့်ကွက် ဆန္ဒပြသူ တချို့က ကျောခိုင်းပြီး အော်ဟစ် လှောင်ပြောင် ခဲ့ကြပါတယ်။

ထောင် သောင်းချီတဲ့ ဆန္ဒပြသူတွေဟာ ဟောင်ကောင်က အဓိကကျတဲ့ လမ်းဆုံ ၄ ခုမှာ နေရာယူ ထားကြပါတယ်။

ကြာသပတေးနေ့ မှာမှ ဟောင်ကောင် အုပ်ချုပ်ရေးမှုး စီဝိုင်လုံ C.Y. Leung ရာထူးက ထွက်မပေးဘူး ဆိုရင် အစိုးရ ရုံးတွေကို သူတို့ စတင် ဝင်ရောက် နေရာယူမယ်လို့ ကျောင်းသား ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

စီဝိုင်လုံ ကတော့ နိုင်ငံရေး စည်းမျဉ်း စည်းကမ်း သစ်တွေကို လက်ခံကြဖို့ လူထုကို အစောပိုင်းက တိုက်တွန်းခဲ့ပါတယ်။ ဒီစည်းကမ်းသစ်တွေ အရ ၂၀၁၇ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေကို တရုတ် အစိုးရကို လိုလားသူတွေက ပထမဆုံး အကြိမ် တိုက်ရိုက် ရွေးချယ်နိုင်ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ