ကိုဘာနီမြို့ အနီး လေကြောင်း တိုက်ခိုက်

  • 1 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယားက IS ပစ်မှတ်ကို သွားရောက် တိုက်ခိုက်မယ့် ကန် လေယာဉ်တစီး ကောင်းကင်မှာ ဆီဖြည့်စဉ်။

တူရကီ နယ်စပ် အနီး ဆီးရီးယား နိုင်ငံထဲက ကိုဘာနီ မြို့ကို ဝိုင်းထားတဲ့ IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ကို ပစ်မှတ်ထားပြီး အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ် လောက်က စလို့ IS ဂျီဟတ်ဒစ်တွေ သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ကိုဘာနီ မြို့ရဲ့ အရှေ့ပိုင်းမှာ ပေါက်ကွဲမှုတွေ မြင်ရတယ်လို့ အဲဒီမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကိုဘာနီမြို့ကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ ကာဒစ်ရှ် တပ်ဖွဲ့တွေကို ထိုက်ခိုက်နေတဲ့ IS စစ်သွေးကြွတွေဟာ မြို့ထဲကိုလည်း အမြောက်တွေနဲ့ ပစ်နေကြတယ်လို့ အဲဒီ သတင်းထောက်က ပြောပါတယ်။

အိုင်အက်စ်တွေဟာ အမျိုးသမီးတွေ အပါအဝင် ကာဒစ်ရှ် တပ်ဖွဲ့ဝင် အတော်များများကို ခေါင်းဖြတ် သတ်ခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။

တဖက်မှာလည်း တူရကီ တပ်ဖွဲ့တွေကို ဆီရီးယားနဲ့ အီရတ်မှာ စစ်ဆင်ရေးတွေ လုပ်ခွင့်ပေးဖို့နဲ့ တူရကီ စစ်စခန်းတွေကို နိုင်ငံတကာ တပ်ဖွဲ့တွေကို အသုံးပြုခွင့်ပေးဖို့ ဆိုတဲ့ အဆိုပြုချက် တရပ်ကို တူရကီ အစိုးရက ပါလီမန်ကို တင်ပြထားပြီး ဒါကို ကြာသပတေးနေ့မှာ ဆွေးနွေးမယ်လို့ ယူဆရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ