IS စစ်ဆင်ရေး အတွက် တူရကီ ဆုံးဖြတ်ဖို့ရှိ

  • 2 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption IS အဖွဲ့ တပ်တွေနဲ့ မဝေးတဲ့ တူရကီနဲ့ ဆီးရီးယား နယ်စပ်က တူရကီ တပ်ဖွဲ့ဝင် အချို့။

တူရကီ နိုင်ငံဟာ အီရတ်နဲ့ ဆီးရီးယားမှာ ရှိတဲ့ IS အဖွဲ့ စစ်သွေးကြွ ကို တိုက်ခိုက်ရာမှာ ပါဝင်ဖို့ သင့် မသင့် ဒီကနေ့ ကြာသပတေးနေ့မှာ ပါလီမန်မှာ မဲပေး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ပါဝင် တိုက်ခိုက်ဖို့ ဆုံးဖြတ်မယ် ဆိုရင်တော့ IS အဖွဲ့ တွေကို တိုက်နေတဲ့ တခြား နိုင်ငံခြား တပ်ဖွဲ့တွေ အတွက် တူရကီ နယ်မြေကို အသုံးပြုခွင့် ပေးဖို့လည်း အလားအလာ ရှိနေပါတယ်။

အစောပိုင်း ကတော့ IS စစ်သွေးကြွ တွေက တူရကီ လူမျိုးတွေကို ဓားစာခံ အဖြစ် ဖမ်းထား ခဲ့တာကြောင့် တူရကီ အနေနဲ့ အမေရိကန် ဦးဆောင်တဲ့ စစ်ဆင်ရေးမှာ ပါဝင်ဖို့ စိတ်မဝင်စား ခဲ့ပါဘူး။

ပြီးခဲ့တဲ့ လကတော့ တူရကီ ဓားစာခံတွေကို IS အဖွဲ့က ပြန်လွှတ် ပေးလိုက်ပါတယ်။

တူရကီ နိုင်ငံမှာ ရှိတဲ့ PKK ကာဒစ်ရှ် သူပုန် အဖွဲ့ကလည်း ဆီးရီးယားနဲ့ တူရကီ နယ်စပ်မှာ ရှိတဲ့ ကိုဘာနီမြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ IS စစ်သွေးကြွ တွေကို ရပ်တန့် မပေးနိုင်ဘူး ဆိုရင် တူရကီ အစိုးရနဲ့ PKK တို့အကြား လုပ်ဆောင် နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အဆုံးသတ် သွားမှာ ဖြစ်ကြောင်း တူရကီ အစိုးရကို ဖိအားပေး ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ